ရင်သားကင်ဆာစစ်ဆေးခြင်းသည် ရင်သားကင်ဆာကို အနိုင်ယူနိုင်မည့် ကနဦးနည်းလမ်းတစ်ခုဖြစ်ပါသည်။ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရင်သားကင်ဆာစစ်ဆေးခြင်းသည် ရင်သားကင်ဆာကို အနိုင်ယူနိုင်မည့် ကနဦးနည်းလမ်းတစ်ခုဖြစ်ပါသည်။

Share:

အသက် 25 နှစ်မှ 39 နှစ်ကြား အမျိုးသမီးများအတွက် ရင်သားစမ်းသပ်မှုကို 1 နှစ်မှ 3 နှစ်အတွင်းတစ်ကြိမ် ရင်သားစမ်းသပ်ခြင်းနှင့်အတူ ရင်သားကိုမိမိကိုယ်မိမိ သိရှိနားလည်သင့်ကြောင်းအကြံပြုထားသည်။ အသက် 40 နှင့်အထက် အမျိုးသမီးများသည် နှစ်စဉ် ရင်သားစစ်ဆေးမှုနှင့် ရင်သားဓာတ်မှန်များကို tomosynthesis ဖြင့် စစ်ဆေးသင့်သည်။ ရင်သားကို မိမိကိုယ်မိမိ သတိထားရန်မှာ အရေးကြီးပါသည်။ အလွန်အမင်း (သို့) သိပ်သည်းမှုများသောရင်သားများတွင်၊ ရင်သား MRI၊ အာထရာဆောင်း သို့မဟုတ် ဆေးသွင်းရိုက်ရသော ရင်သားဓါတ်မှန်ရိုက်ခြင်းကဲ့သို့သော စစ်ဆေးမှုနည်းလမ်းများကို ထည့်သွင်းစဉ်းစားနိုင်ပါသည်။

မိသားစုရာဇဝင်ရှိသောသူများသည် မိမိဘ၀တွင် 20% သို့မဟုတ် ထို့ထက်မြင့်မားသော ရင်သားကင်ဆာဖြစ်နိုင်ခြေ သိသိသာသာတိုးမြင့်နိုင်ခြေရှိသည့်အတွက် ယင်းအမျိုးသမီးများအနေဖြင့် မကြာခဏစောင့်ကြည့်ရန် လိုအပ်ပါသည်။ ထိုသူများကို ရင်သားစစ်ဆေးခြင်းအတွက် 6 လမှ 12 လတစ်ကြိမ် ရင်သားစစ်ဆေးမှုခံယူသင့်သည်။ ထို့အပြင်၊ မျိုးရိုးဗီဇဆိုင်ရာဆေွးနွေးခြင်း သို့မဟုတ် ကင်ဆာမျိုးရိုးဗီဇဆိုင်ရာနှင့်ပက်သက်ပြီး အရည်အချင်းပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများ၊ မျိုးရိုးလိုက်ခြင်းဆိုင်ရာအချက်များ အကဲဖြတ်ရန်နှင့် သင့်လျော်သောလမ်းညွှန်မှုများနှင့်သေချာစွာဆွေးနွေးမိရန်လိုအပ်ပါသည်။ စစ်ဆေးမှုပေါ်မူတည်ပြီး နောက်ထပ်လိုအပ်သောကုသမှုများအတွက် ရင်သားအထူးကုဆရာဝန်ထံ သေချာစွာဆွေးနွေးတိုင်ပင်သင့်ပါသည်။

မိသားစုရာဇဝင်ကြောင့် ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများသော အမျိုးသမီးများအတွက် tomosynthesis ဖြင့် နှစ်စဉ်စစ်ဆေးမှုကို အကြံပြုထားသည်။ တနည်းအားဖြင့်၊ ယင်းစစ်ဆေးမှုသည် ရင်သားကင်ဆာအန္တရာယ်ကိုအတည်ပြုပြီးနိုင်သော်လည်း အသက် 30 မတိုင်ခင်တွင် မစစ်ဆေးသင့်သေးပါ။ မိသားစုရာဇဝင်မရှိပါက စောစီးစွာစစ်ဆေးရန်လိုအပ်ပါက အသက် 40 တွင်စတင်သည်က အကောင်းဆုံးဖြစ်သည်။

ရင်သားကင်ဆာဖြစ်နိုင်ချေ သိသိသာသာ မြင့်တက်လာသော အမျိုးသမီးများအတွက် နှစ်စဉ် ရင်သား MRI ရိုက်ရန် အကြံပြုထားသည်။ MRI မရနိုင်ပါက၊ ရင်သားတစ်ခုလုံး အာထရာဆောင်းရိုက်ခြင်းကို အခြားရွေးချယ်စရာအဖြစ် ယူဆနိုင်ပါသည်။

ရင်သားကင်ဆာဖြစ်နိုင်ချေ သိသိသာသာ မြင့်တက်လာသော အမျိုးသမီးများသည် risk reduction strategy များကိုပါ စဉ်းစားသင့်သည်။ ဥပမာ မျိုးရိုးဗီဇစစ်ဆေးမှု၊ အန္တရာယ်အနည်းဆုံးဖြစ်စေရန် ကျန်းမာသောလူနေမှုပုံစံကို ကျင့်သုံးခြင်း၊ ဆိုးကျိုးများသောဆေးများကြာရှည်သုံးစွဲမှုရှောင်ကြဥ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ရင်သားကင်ဆာဖြစ်နိုင်ချေကို လျှော့ချရန် ခွဲစိတ်မှုဆိုင်ရာ ရွေးချယ်မှုများကို ထည့်သွင်းစဉ်းစားခြင်းတို့ ဖြစ်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating