မိမိကိုယ်တိုင်ရင်သားစစ်ဆေးခြင်းအဆင့်ဆင့် - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

ကျန်းမာရေးဆိုင်ရာ စာစောင်များ

မိမိကိုယ်တိုင်ရင်သားစစ်ဆေးခြင်းအဆင့်ဆင့်

Share:

ရင်သားကင်ဆာသည် ထိုင်းအမျိုးသမီးများတွင် အဖြစ်များဆုံး ကင်ဆာဖြစ်ပြီး အမျိုးသမီးများတွင် ကင်ဆာကြောင့် သေဆုံးရသည့် အဓိကအကြောင်းအရင်းတစ်ခုဆိုလည်း မမှားပေ။ ၄၁ ရာခိုင်နှုန်းမျှ အသက် ၄၀ မှ ၄၉ နှစ်ကြား အမျိုးသမီးများတွင် အဖြစ်အများဆုံးဖြစ်ပြီး ၃၉ နှစ်အောက် အမျိုးသမီးများတွင်မူ ၁၈ ဒသမ ၆ ရာခိုင်နှုန်းထိရှိသည်။ ထို့ကြောင့် ရင်သားကို မိမိကိုယ်တိုင်စစ်ဆေးရန် အရေးကြီးပါသည်။

အဆင့် 1: စမ်းသပ်ခြင်း

သင့်ရင်သားများကို မှန်ထဲတွင်ကြည့်ပါ၊ ရင်သား ၂ ဖက် ပုံသဏ္ဍာန်၊ ရင်သားအရေပြားအရောင် သို့မဟုတ် အရွယ်အစား မူမမှန်မှုများကို နှိုင်းယှဉ်ပါ။

ရင်သားနှင့် အရေပြားပေါ်တွင်အချိုင့်များဖြစ်ပေါ်နေခြင်းရှိမရှိကို လက်နှစ်ဖက်လုံးကို မြှောက်ထားကြည့်ခြင်းဖြင့် သိရှိစစ်ဆေးနိုင်ပါသည်။

အဆင့် 2: လက်ဖြင့်စမ်းသပ်ကြည့်ခြင်း

သင့်လက်ချောင်းများဖြင့် ညှပ်ရိုးမှစတင်ပြီး ရင်သားတစ်ဖက်စီကို သေချာစွာစမ်းသပ်ပါ။ ဥပမာ၊ သင့်ဘယ်ဘက် ရင်သားကိုစမ်းသပ်ရန်အတွက် သင့်ညာဘက်လက်ညိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့ကို အသုံးပြုပါ။ စမ်းသောအခါတွင်လည်း လက်ကို ညင်သာစွာစဖိပြီးတဖြည်းဖြည်းအားထည့်ဖိခြင်းဖြင့် အကျိတ်များရှိသောနေရာများကို သိရှိနိုင်မည်ဖြစ်ပါသည်။  ထို့ပြင်နို့သီးခေါင်းတစ်၀ိုက်ကိုလည်း သေချာစွာစစ်ဆေးကြည့်ရန်လိုအပ်ပါသည်။ နို့သီးခေါင်းကို အနည်းငယ်ညှစ်ကြည့်ခြင်းဖြင့်လည်း နို့သီးခေါင်းမှ ပုံမမှန်အရည်ထွက်ခြင်းများကိုပါ သိရှိနိုင်မည်ဖြစ်ပါသည်။ စမ်းသပ်ရာတွင် ရင်သား၏ နေရာအစုံကို အ‌သေးစိတ်စမ်းသပ်ရန်လိုအပ်သလို လဲလျောင်းနေစဥ်တွင်တခါ။ မတ်တပ်ရပ်နေသောအချိန်တွင်တစ်ခါ ၂ ကြိမ်စမ်းသပ်ရမည်ဖြစ်ပါသည်။

သင့်ရင်သားတစ်ရှူးများသည် သင့်လက်မောင်း၊ ညှပ်ရိုးနှင့် သင့်ဝမ်းဗိုက်အပေါ်ပိုင်းတို့ နှင့်လည်း ဆက်စပ်မှုရှိကြောင်း သိရှိထားရပါမည်။ 

ဒေါင်လိုက်စမ်းသပ်ခြင်း- ရင်သားအောက်မှ ညှပ်ရိုးအထိ သေချာဖိပြီး စမ်းသပ်ပါ။

အ၀ိုင်းပုံအတိုင်းစမ်းသပ်ရာတွင် နာရီလက်တံလည်သကဲ့သို့တခါ ဆန့်ကျင်ဘက်လည်သကဲ့သို့တခါ စမ်းသပ်ရပါမည်။

ပုံမှန်မဟုတ်သော ပြောင်းလဲမှုများ၊ နို့သီးခေါင်းပုံမမှန်အရည်များထွက်ခြင်း သို့မဟုတ် အဆက်မပြတ်ရင်သားနာကျင်ခြင်းကဲ့သို့သော မမျှော်လင့်ထားသော လက္ခဏာများ (ရာသီစက်ဝန်းနှင့်မသက်ဆိုင်သော) ကို သတိပြုမိပါက ရင်သားကင်ဆာစစ်ဆေးမှုအတွက် ဆရာဝန်နှင့် ပြသရမည့်အချိန်ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ပြီးပြည့်စုံသော ရင်သားကင်ဆာစစ်ဆေးခြင်းကို ဆရာဝန်နှင့် သေချာတိုင်ပင်ပြီး ယနေ့ခေတ်၏ ထိပ်တန်းနည်းပညာများဖြစ်သည့် 3D ဒစ်ဂျစ်တယ် Mammograms နှင့် အဆင့်မြင့် Ultrasound တို့ဖြင့် ဖြစ်နိုင်ချေရှိသော ရင်သားပြဿနာများကို အစောဆုံးအဆင့်တွင် ရှာဖွေဖော်ထုတ်ခြင်းသည်သာ ကောင်းမွန်သော ရလာဒ်ကိုရရှိစေမည်ဖြစ်ပါသည်။
မိမိကိုယ်ကို စစ်ဆေးမှုမှသည် ရင်သားဓာတ်မှန်များရိုက်ခြင်းအထိတွင် စောစီးစွာ ရှာဖွေသိရှိနိုင်မှုသည် မိမိအားရင်သားကင်ဆာမှ ပိုမိုကင်း‌ေ၀းစေနိုင်မည်မှာ အမှန်တရားတစ်ခုပင်ဖြစ်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating