ထိုင်းနိုင်ငံတွင် အရိုးကွာဟမှုနှင့် အရိုးကြီးထွားပုံ မူမမှန်မှုများ ခံစားရသော ကလေးများနှင့် လူကြီးများ သို့မဟုတ် skeletal dysplasia ကြောင့် အရိုးတိုသော ေ၀ဒနာခံစားနေရသော ဘဝများကို ပြောင်းလဲတိုးတက်စေနိုင်သောကုထုံးများရှိနေပြီဖြစ်ပါသည်။ အဆိုပါကုထုံးကုနည်းသည် ပုံမှန်ကဲ့သို့ ခြေထောက် တစ်ဖက်နှင့်တစ်ဖက် ထောက်ထားနိုင်ခြင်း သို့မဟုတ် အခြားကြွက်သားများအသုံးပြုကာ လက်တစ်ဖက်တည်းဖြင့် ပိုမိုအသုံးပြုခြင်းစသည်တို့ဖြင့် ကြွက်သားများနှင့် အရိုးများတည်ဆောက်ပုံ လုပ်ငန်းဆောင်တာများကိုပြန်လည်ကောင်းမွန်စေပြီး လမ်းလျှောက်နိုင်မှုစွမ်းရည်ကိုလည်း တိုးတက်စေနိုင်သည်။
ခြေလက်ရှည်ခြင်းကုထုံးများသည် လူနာများနှင့် ၎င်းတို့၏ မိသားစုများအတွက် အချိန်အတော်ကြာပေးရသော ကုထုံးဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းသည် ကောင်းမွန်သော ရလာဒ် အောင်မြင်မှုနှုန်းရှိပြီး အထူးသဖြင့် ပုံမှန်ကြီးထွားဖွံ့ဖြိုးရန် ခက်ခဲနေသည့် ကလေးများအတွက် အထူးသင့်လျော်ပါသည်။
ထိုင်းနိုင်ငံတွင် ခြေလက်ရှည်ခြင်းကုထုံးအတွက် အခြေအနေ အဆင့်သုံးဆင့်ရှိပါသည်
ခန္ဓာကိုယ်၏ အရိုးအသစ်ဖန်တီးနိုင်စွမ်းကို အဓိကအသားပေးဆုံးဖြတ်ပြီး ယခုကဲ့သို့ ခြေလက်အရိုးများ ရှည်လာအောင်လုပ်နိုင်သော ကုထုံးများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၄◌င်းတွင် ခွဲစိတ်မှု၊ အရိုးများပုံပျက်လာခြင်း နှင့် အရိုးအသစ်မျာပြန်လည်ပေါင်းစည်းပြီး ပုံစံပေါ်လာခြင်း စသည့် အဆင့်သုံးဆင့်ဖြင့် ခွဲခြားထားသည်။
ခြေလက်အရိုးများကို ရှည်လျားစေသော ခွဲစိတ်မှု (ပထမအဆင့်)
ကနဦးအဆင့်တွင်၊ ခွဲစိတ်ဆရာဝန်သည် အရိုးကို အရှည်ထားစေရန် နေရာတစ်ချို့ကို ဖြတ်တောက်ပြီး ခွဲစိတ်ထားသည့်အရိုးကို ပြန်လည် အနာကျက်စေရန်နည်းဖြစ်သည့် သွေးစီးဆင်းမှုကို ထိန်းသိမ်းပေးသည့်နည်းဖြင့် စတင်လုပ်ဆောင်ပါသည်။ အရိုးကိုဖြတ်ပြီးသည်နှင့်၊ လုပ်ထုံးလုပ်နည်း၏နောက်ထပ်အဆင့်တွင်အရိုးကွက်လပ်တစ်ခုဖန်တီးရန်အတွက် အသုံးပြုမည့်ခြေလက်ရှည်ကိရိယာကိုတပ်ဆင်ပါမည်။ ဤစက်ပစ္စည်းကို အပြင်ပိုင်း သို့မဟုတ် အတွင်းပိုင်းတွင် သုံးမည်ဖြစ်ပါသည်။
ပြင်ပကိရိယာများကို လက် သို့မဟုတ် ခြေထောက်အပြင်ဘက်တွင် ဝတ်ဆင်ထားပြီး အရိုးများကို ချိတ်ဆက်ပစ္စည်းများဖြင့် ချိတ်ကာ hand-held tool ဟုခေါ်သော ကိရိယာဖြင့် တွဲထားမည်ဖြစ်ပါသည်။ PRECICE Nail ဟုခေါ်သော အတွင်းပိုင်းတွင် ရှည်လျားမှုကို ဖြစ်စေနိုင်သော ကိရိယာတစ်ခုတွင် အရိုးအတွင်းထည့်သွင်းထားသော ပစ္စည်းတစ်ခုပါရှိပြီး အရေပြားကိုဖြတ်သန်းနိုင်သော သံလိုက်ကူကိရိယာတစ်ခုကိုသုံးခြင်းဖြင့် ရှည်လျားမှုကို ပံ့ပိုးစေပါသည်။ ယင်း အရိုးနားတစ်၀◌ိုက်တွင် ထည့်သွင်းထားသော အရိုးကိုရှည်လျားလာစေသည့် ကိရိယာများကို ထည့်သွင်းပြီး တစ်နှစ်အကြာတွင် ပုံမှန်အားဖြင့် ဖယ်ရှားနိုင်ပြီဖြစ်ပါသည်။
ခွဲစိတ်ကုသမှုခံယူပြီးနောက် လူနာများသည် ဆေးရုံတွင် အနည်းဆုံးတစ်ညနေရန် လိုအပ်သည်။ ထို့နောက် ခွဲစိတ်မှုပြီးနောက် ဒုတိယအဆင့်မစတင်မီ ဆယ်ရက်အထိ အိမ်တွင် အနားယူနေရမည်ဖြစ်ပါသည်။
တစ်ဖြည်းဖြည်း မကောင်းသောအရိုးများပုံပျက်လာခြင်း (ဒုတိယအဆင့်)
ဒုတိယအဆင့်တွင် အရိုး၏အစွန်းပိုင်းများသည် တဖြည်းဖြည်းချင်း ကွဲလာပြီဖြစ်ပါသည်။ ၎င်းသည် ကြားတွင်လွတ်နေသောနေရာများတွင် အရိုးအသစ်များ ကြီးထွားလာစေရန် လှုံ့ဆော်ပေးပါသည်။ အာရုံကြောများ၊ ကြွက်သားများ နှင့် အရွတ်များသည် ရှည်လျားသောခြေလက်များနှင့်အညီ လိုက်ပါရှည်လျားလာမည်ဖြစ်ပါသည်။ Vejthani ရှိ ဆေးဘက်ဆိုင်ရာအဖွဲ့သည် လူနာ သို့မဟုတ် မိသားစုဝင်များအားယခုကုထုံးယူနေစဥ◌်အရိုးသည်မည့်ကဲ့သို့ရှည်လာပုံကိုရှင်းပြမည်ဖြစ်သည်သာမက အကုန်အပြည့်အစုံရှည်လာရန်အချိန်မည်မျှထိစောင့်ဆိုင်းရမည်ဆိုသည်ကို ရလာဒ်အပေါ်မူတည်ပြီး တိုင်ပင်ဆွေးနွေးပေးမည်ဖြစ်ပါသည်။ ဤအဆင့်သည် ယေဘုယျအားဖြင့် နှစ်လအထိ ကြာနိုင်ပြီး များသောအားဖြင့် မိမိအိမ်တွင်သာနေပြီးလိုအပ်သည်များကို လုပ်ဆောင်နိုင်ပါသည်။
ဤအဆင့်တွင်၊ ဆေးပညာအဖွဲ့သည် နောက်ဆက်တွဲလက္ခဏာများရှိခြင်းမရှိခြင်း၊ အရိုးနှင့် အနာရှိတစ်ရှူးများ၏ကျန်းမာခြင်းဖြစ်မဖြစ်ကို စဉ်ဆက်မပြတ် စောင့်ကြည့်နေမည်ဖြစ်ပါသည်။ မူမမှန်ခြင်းတစုံတရာကို တွေ့ရှိပါက ခန္ဓာကိုယ်မှ အရိုးအသစ်ပြန်လည်ဆောက်တည်ချိန်နှင့် နေသားကျစေရန် ကုသမှုတစ်ချို့ကို ခေတ္တရပ်နားထားပြီး ပြန်လည်စောင့်ကြည့်မည်ဖြစ်သည်။ အခြေအနေပြန်ကောင်းမွန်လာပါက မူလအစီအစဥ◌်အတိုင်း ကုထုံးလုပ်ဆောင်ချက်များကို ပိုမို့ အရှိန်မြှင့်မည်ဖြစ်ပါသည်။
အရိုးများပေါင်းစည်းလာပြီး ပုံစံကျလာခြင်း (တတိယ အဆင့်)
အရိုးဆက်ခြင်းများကို သတ်မှတ်ထားသော အရိုးအရှည်အခြေအနေသို့ ရောက်သည်နှင့် တစ်ပြိုင်နက်၊ ခန္ဓာကိုယ်၏ သဘာဝဖြစ်စဥ◌်သည် လစ်ဟာနေသော အရိုးနေရာကွက်လပ်ကို အရိုးအသစ်များဖြင့် ဆက်လက် ဖြည့်ပေးသည်။ ထို့ပြင် အရိုးပတ်ပတ်လည်ရှိ ကြွက်သားများ၊ အရွတ်များသည်လည်း ရှည်ထွက်လာသော အရိုးအသစ်နှင့်အတူတူ အရိုး၏ ကြံ့ခိုင်မှုတို့အတွက် စတင်ထောက်ပံ့ပေးနေပြီဖြစ်ပါသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Vejthani ဆေးရုံတွင် ကိုယ်လက်အရိုးရှည်ခြင်းကုထုံးကို ရယူလိုပါက အချိန်ကာလအားဖြင့် ခြောက်လမှ ကိုးလအထိ ကြာနိုင်သည်။ သင် သို့မဟုတ် သင့်ကလေးသည် ငယ်ရွယ်စဥ◌်တွင် ရှိသင့်ရှိထိုက်သော အရပ်အမြင့် သို့မဟုတ် ကောင်းမွန်စွာအရိုးဖြစ်ထွန်းမှုမရှိခြင်းမျိုး ကြုံနေရပါက ကောင်းမွန်သောရလာဒ်များသာ ရရှိစေသည့် အရိုးများရှည်လျားခြင်းကုထုံးကို ကျွန်ုပ်တို့၏ အရိုးဌာန နှင့် ကလေးအရိုးအထူးကုဌာန တို့တွင် အထူးကုဆရာ၀◌န်ကြီးများဖြင့် အခုပဲ ဘိုကင်တင်ပြီး တိုင်ပင်ဆွေးနွေးနိုင်ပြီဖြစ်ပါသည်။
- Readers Rating
- Rated 4.8 stars
4.8 / 5 (Reviewers) - Spectacular
- Your Rating