ပုံမှန်ဖျားနာခြင်းနှင့် ရာသီတုပ်ကွေးခြားနားချက်များ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

ကျန်းမာရေးဆိုင်ရာ စာစောင်များ

ပုံမှန်ဖျားနာခြင်းနှင့် ရာသီတုပ်ကွေးခြားနားချက်များ

Share:

အအေးမိရောဂါ, ရာသီတုပ်ကွေး, တုပ်ကွေးကာကွယ်ဆေး

ရာသီဥတုပြောင်းလဲမှုသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ—အများဆုံးအားဖြင့် ချောင်းဆိုးခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းတို့ကို ဖြစ်စေတတ်ပါသည်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ရောဂါက ရာသီတုပ်ကွေးလား ဒါမှမဟုတ် သာမန်အအေးမိလားဆိုတာ ဆုံးဖြတ်ရခက်ပါတယ်။ ထို့ကြောင့် ရာသီအလိုက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှစ်ခုရဲ့ ကွာခြားချက်ကို ကြည့်ခြင်းဖြင့် မိမိတို့ချစ်ရတဲ့ ကလေးမှာဘယ်လိုတုပ်ကွေးကူးစက်နေလဲဆိုတာ သိနိုင်ပါတယ်။ 

အအေးမိရောဂါသည် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း (နှာခေါင်းနှင့်လည်ချောင်း) ကို ထိခိုက်စေသော ဗိုင်းရပ်စ်ပိုးကူးစက်မှုဖြစ်သည်။ ယေဘုယျအားဖြင့် ပြင်းထန်သည်ဟု မယူဆပါ။ ရောဂါလက္ခဏာများအနေဖြင့်

  • ဖျားခြင်း။ ကိုယ်ပူခြင်း
  • ချောင်းဆိုးခြင်း
  • နှာရည်ယိုခြင်း သို့မဟုတ် နှာစေးခြင်း။
  • နှာချေခြင်း။
  • ပင်ပန်းနွမ်းနယ်ခြင်း။

Influenza (Flu) ရာသီတုပ်ကွေးသည် အသက်ရှူလမ်းကြောင်းတစ်ခုလုံးကို ထိခိုက်စေသည့် တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည်။ Flu A နှင့် B သည် လူတွင် ပုံမှန်ပျံ့နှံ့လေ့ရှိသော အဓိကအမျိုးအစား နှစ်မျိုးဖြစ်သည်။ ယင်းတုပ်ကွေးက သာမန်အအေးမိခြင်းထက် ပိုဆိုးပြီး ရောဂါလက္ခဏာများ ပိုပြင်းထန်ပါတယ်။

  • အဖျားကြီးခြင်း။
  • ချောင်းခြောက်ဆိုးပြီး လည်ချောင်းနာခြင်း။
  • နှာရည်ယိုခြင်း။
  • ပင်ပန်းနွမ်းနယ်ခြင်း။
  • ကြွက်သားကိုက်ခဲခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • ပျို့အန်ခြင်း။
  • တုန်တုန်ယင်ယင်ဖြစ်ခြင်း
  • တချို့လူနာများ ဝမ်းပျက်ခြင်း။

အန္တရာယ်အချက်များ

  • အသက်အရွယ်- ရာသီတုပ်ကွေးရောဂါသည် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ဖြစ်လေ့ပိုရှိသည်။
  • နာတာရှည်ရောဂါများ- ဥပမာ ပန်းနာရင်ကျပ်၊ ဆီးချို၊ သို့မဟုတ် နှလုံးရောဂါ။
  • ကိုယ်ဝန်ဆောင်ခြင်း- ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် တုပ်ကွေးဖြစ်နိုင်ချေ ပိုများသည်။

သို့သော် သင့်ကလေးငယ်သည် အသက်ရှုရခက်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဆီးမသွားခြင်းကဲ့သို့သော အရေးပေါ်လက္ခဏာများနှင့်အတူ အဖျားပြင်းခြင်းများရှိနေပါက၊ အရေးပေါ်ဆေးကုသမှုခံယူပြီး သတ်မှတ်ထားသောဆေးဝါးများနှင့် ကုသမှုများကို အမြဲလိုက်နာသင့်ပါသည်။ သို့သော် သင့်ကလေးရဲ့ တုပ်ကွေးရောဂါလက္ခဏာတွေ ပိုဆိုးလာပြီဆိုရင်တော့ ရက်ချိန်းမကြိုခင် ဆေးရုံကို ခေါ်သွားနိုင်ပါတယ်။

ကလေးများကို တုပ်ကွေးကာကွယ်ဆေးဖြင့် ကာကွယ်ပါ။

  • 6 လအထက်ကလေးများသည် တုပ်ကွေးကာကွယ်ဆေးထိုးနိုင်ပါသည်။
  • အသက် 8 နှစ်အောက်ကလေးများသည် ပထမနှစ်တွင် တုပ်ကွေးကာကွယ်ဆေး နှစ်ကြိမ်ထိုးရပြီး တစ်နှစ်လျှင် တစ်ကြိမ်ထိုးသင့်ပါသည်။
  • အသက် 8 နှစ်အထက်ကလေးများသည် နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါသည်။

ထို့အပြင် လက်ကိုမကြာခဏဆေးခြင်း၊ လတ်လတ်ဆတ်ဆတ်စားခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း ကာကွယ်ဆေးထိုးခြင်းကို အသိပေးခြင်းများဖြင့် ကလေးငယ်များကို သာမန်အအေးမိဖျားနာဖြစ်နိုင်ခြေမှ လျှော့ချပေးနိုင်ပါတယ်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating





Related Posts