လွန်ခဲ့သည့် ၉ နှစ်က Vejthani ဆေးရုံသည် ကျောရိုးခွဲစိတ်မှုအတွက် O-arm ကို စတင်မိတ်ဆက်ပေးခဲ့ပြီး ခွဲစိတ်ဆရာဝန်များအတွက်လည်း ခွဲစိတ်ရာတွင် ရောဂါ၏တိကျသောအခြေအနေများကို သေချာစွာမြင်နိုင်ရန် ကူညီပေးနိုင်ခဲ့ပါသည်။ ခွဲစိတ်မှုများအတွင်း တိကျသေချာစေရန်အတွက် navigator နှင့် intraoperative neuromonitoring (IOM) နည်းပညာများကို ပေါင်းစည်းထားခြင်းဖြင့် ပိုမိုကောင်းမွန်သောရလာဒ်များကိုလည်းရရှိထားခဲ့သည်ဖြစ်ပါသည်။
ခွဲစိတ်မှုများကို အဆင့်မြင့်အခြေအနေတစ်ခုအဖြစ်သို့ ယူဆောင်လာရန်ရည်ရွယ်ချက်ဖြင့် Vetjthani သည် Stealth 8 လမ်းကြောင်းပြစနစ်နှင့်အတူ နောက်ဆုံးပေါ် O-arm 3D Navigation စနစ်အား အောင်မြင်စွာအသုံးပြုလာခဲ့ခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ပေါင်းစပ်မှုသည် ကျောရိုးကို ခွဲစိတ်ကုသစဉ်အတွင်း 360 ဒီဂရီ ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုနိုင်ပြီး axial၊ coronal နှင့် cross-sectional အမြင်များကိုပါ ရှင်းလင်းပြတ်သားစွာမြင်နိုင်ပြီဖြစ်ပါသည်။
လမ်းကြောင်းပြနည်းပညာဖြင့် အချိန်နှင့်တပြေးညီ ပုံဖော်ခြင်းနည်းပညာသည် ခွဲစိတ်ဆရာဝန်များအား ခွဲစိတ်ရာတွင် ဆေးဘက်ဆိုင်ရာပစ္စည်းများအသုံးပြုရာတွင် အသေးစိတ်သေချာ စောင့်ကြည့်နိုင်စေပြီး ကြီးမားသောခွဲစိတ်မှုများ လိုအပ်မှုကို လျော့ချပေးပါသည်။ ထို့အပြင်၊ IOM နည်းပညာသည် ကျောရိုးကို ပြန်လည်ချိန်ညှိရန် လိုအပ်သည့် ရှုပ်ထွေးခက်ခဲသောကျောရိုးပုံသဏ္ဍာန်ခွဲစိတ်မှုတွင် အထူးအရေးကြီးပြီး အန္တရာယ်ရှိသော အာရုံကြောပျက်စီးမှုကိုပါ ကာကွယ်တားဆီးပေးပါသည်။ ၎င်းသည် ခွဲစိတ်မှုအတွင်း အာရုံကြောဒဏ်ရာများကို အတတ်နိုင်ဆုံးမထိခိုက်ရအောင် ကျောရိုးခွဲစိတ်မှု၏လုပ်ဆောင်ချက်များလုပ်ဆောင်ချိန်တွင် အချိန်နှင့်တပြေးညီ စောင့်ကြပ်ပေးပါသည်။
ဤအဆင့်မြင့်နည်းပညာ 3 ခု၏ပေါင်းစပ်မှုသည် ခွဲစိတ်မှုရလဒ်များကို မြင့်မားစေပြီး ဘေးကင်းမှု၊ တိကျမှုနှင့် လူနာသက်တောင့်သက်သာဖြစ်စေမှုကို မြှင့်တင်ပေးသည်။ အကျိုးကျေးဇူးများမှာ-
• သေးငယ်သော ခွဲစိတ်မှုဖြစ်ခြင်းနှင့် သွေးဆုံးရှုံးလွန်မှုကို လျှော့ချပေးခြင်း
• ခွဲစိတ်ရာတွင် ပိုမိုကောင်းမွန်သော တိကျမှု
• ခွဲစိတ်ချိန်တွင် အာရုံကြောလုပ်ဆောင်ချက်ကို ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ရန် အချိန်နှင့်တပြေးညီ စောင့်ကြည့်ခြင်း။
• နောက်တကြိမ်ခွဲစိတ်မှု လိုအပ်ချက်များဖြစ်နိုင်ခြေကို လျှော့ချပေးသည်။
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating