PM 2.5 ဖုန်မှုန့်များ၏ ကျန်းမားရေးအပေါ်သက်ရောက်မှု

ကျန်းမာရေးဆိုင်ရာ စာစောင်များ

PM 2.5 ဖုန်မှုန့်များ၏ ကျန်းမားရေးအပေါ်သက်ရောက်မှု

Share:

ကာလတိုအကျိုးသက်ရောက်မှုများ

  • မျက်လုံး၊ နှာခေါင်း၊ လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ယားယံခြင်း။
  • မျက်လုံးနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်တတ်ပါသည်။
  • အဆုတ်လုပ်ဆောင်ချက်ကို ဆိုးရွားစေသည်။
  • ပန်းနာရင်ကျပ် သို့မဟုတ် နှလုံးရောဂါများကဲ့သို့ မွေးရာပါရောဂါများ ရှိသူများ လက္ခဏာပိုမိုဆိုးလာနိုင်သည်။

ရေရှည်အကျိုးသက်ရောက်မှုများ

  • နာတာရှည် လည်ချောင်းနာခြင်း။
  • အဆုတ်လုပ်ဆောင်ချက်ကို ပိုမိုဆိုးရွားလာခြင်း
  • PM 2.5 ဖုန်မှုန့်သည် ကင်ဆာဖြစ်စေသော အရာများထဲမှ တစ်ခုဖြစ်သောကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို တိုးစေသည်။ အထူးသဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများ၊ နှလုံးရောဂါများအပြင် ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် ၎င်းတို့သည် ဖုန်မှုန့်များကြောင့် ရောဂါအခြေအနေများဖြစ်လာပါကလည်း ၎င်းတို့သည် အခြားသူများထက် ပိုမိုဖြစ်ပွားနိုင်သည်။

PM 2.5 ဖုန်မှုန့်တွေကနေ ဘယ်လိုကာကွယ်မလဲ။

  • အန္တရာယ်များသော PM2.5 အဆင့်နေရာများတွင် လေ့ကျင့်ခန်း သို့မဟုတ် ပြေးခြင်းကဲ့သို့သော ပြင်ပလှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။
  • PM 2.5 မှ ကာကွယ်နိုင်သော Mask ဝတ်ဆင်ပါ။
  • သွေးထဲ အောက်ဆီဂျင်များလာစေရန် ရေများများသောက်ပါ။
  • မီးလောင်လွယ်သော စွန့်ပစ်ပစ္စည်းများ၊ ဆေးသုတ်သည့်ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းသုံး စွန့်ပစ်ပစ္စည်းများမှ ညစ်ညမ်းမှုများကဲ့သို့သော အငွေ့များပိုထွက်စေနိုင်သည့် အော်ဂဲနစ်ဒြပ်ပေါင်းများအသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

အကယ်၍ သင့်တွင် ပုံမှန်မဟုတ်သော လက္ခဏာများဖြစ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းစသည့် ပုံမှန်မဟုတ်သော လက္ခဏာများ ရှိပါက၊ ဆရာဝန်နှင့် ချက်ချင်းပြသသင့်သည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating