ပါကင်ဆန်ရောဂါ(Parkinsonism)ဆိုတာ ဦးနှောက်ရဲ့ ပို့ဆောင်ဆက်သွယ်မှု အတွက် Dopamine ကိုထုတ်လွှတ်ပေးတဲ့ ဆဲလ်ရဲ့ပျက်စီးချို့တဲ့ခြင်းကို ဆိုလိုပါတယ်။ Dopamine လျော့နည်းလေ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှု၊ စိတ်ခံစားမှုနှင့် လုပ်ဆောင်မှုတို့ကို ထိန်းချုပ်နိုင်စွမ်းကိုထိခိုက်လာပါတယ်။ ပါကင်ဆန်ဖြစ်ရခြင်းအကြောင်းရင်းကိုယခုလက်ရှိအချိန်ထိ တိတိကျကျမသိရသေးပါ။ တချို့သော အကြောင်းရင်းများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။
- မျိုးရိုးဗီဇ- မျိုးရိုးထဲမှာ ပါကင်ဆန်ရောဂါ(Parkinsonism)ဖြစ်နေလျှင် (သို့) မျိုးရိုးဗီဇ ပုံမမှန်ဖြစ်သူများ၊
- ပတ်ဝန်းကျင်-ပေါင်းသတ်ဆေး(သို့) ဓာတ်တုဆေးတွေကာလကြာရှည်စွာ ထိတွေ့အသုံးပြုရသူများလည်း ပါကင်ဆန်ရောဂါ(Parkinsonism)ဖြစ်တတ်ပါတယ်။
ပါကင်ဆန်ရောဂါ(Parkinsonism)ကို အခုအချိန်ထိ အမြစ်ပြတ်ကုသနိုင်ခြင်းမရှိသေးပါ။ သို့ရာတွင် ရောဂါလက္ခဏာတွေဆိုးရွားမလာအောင် ကုသနည်းတွေကတော့
- Dopamine ရဲ့လုပ်ဆောင်ချက်ကိုလုံ့ဆော်ပေးပြီး လှုပ်ရှားမှုကိုပုံမှန်ဖြစ်အောင်ထိန်းပေးခြင်း၊
- စိတ်ကျခြင်း၊အိပ်စက်မှုပုံမမှန်ခြင်းနှင့် ဝမ်းချုပ်ခြင်းတို့အတွက် သောက်ဆေးပေးခြင်း၊
- Deep brain stimulation surgery (DBS)
ဦးနှောက်အတွင်းပိုင်းအာရုံကြောတွေနိုးကြားလာအောင် ခွဲစိတ်မှုပြုလုပ်ပြီး ပစ္စည်းကိရိယာထည့်ခြင်း၍ လျှပ်စစ်စနစ်ဖြင့်ထိန်းချုပ်ခြင်း
စသည်တို့ဖြစ်ပါတယ်။
လူနာရဲ့ ရောဂါလက္ခဏာပေါ်မူတည်ပြီး ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်မှ သင့်တော်သည့်ကုသမှုပေးမှာဖြစ်ပါတယ်။
အားလုံးကျန်းမာဖို့ဆုတောင်းလျက်
ဝေ့ဌာနီဆေးရုံကြီး
Myanmar Viber Hotline: +66 819 845 111
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating