

ဝမ်းအရောင် ကွဲပြားရခြင်းသည် အစာခြေရည် သည်းခြေအိတ် သို့မဟုတ် စားဝင်သွားသော အစားအသောက်ပေါ်မူတည်၍ အရောင်တူညီမူမရှိခြင်းဖြစ်သည် အကယ်၍ ဝမ်းထဲ သွေးပါလာခြင်း (Blood in the stool) သွေးဝမ်းသွားခြင်း ဖြစ်ပါက ခန္ဓာကိုယ်အတွင်းကတနေရာရာ ပုံမှန်မဟုတ်သောကြောင့်ဖြစ်သည်
ဝေ့ဌာနီ ဆေးရုံက ခွဲစိတ်ဆရာဝန်ကြီး Dr Veerayuth Uaviseswong ၏ ရှင်းပြချက်အရအစာခြေလမ်းကြောင်း တွင် ပါးစပ်မှအစာပြွန်အစာအိမ် အူသိမ် အူမကြီး အူငယ် စအို အထိပါသည် အကယ်၍ ဝမ်းထဲသွေးပါလာလျှင်ဆိုလိုချက်မှာ အထက်ပါ organ တနေရာရာသွေးထွက် ခြင်းဖြစ် သည်
အကယ်၍ အစာပြွန်နှင့်အစာအိမ်တွင် ပုံမှန်မဟုတ် ပါက သွေးဝမ်းသွားခြင်း (Blood in the stool) ထက် သွေးအန်ခြင်း ပိုမိုဖြစ် စေပြီး ဝမ်းထဲသို့ သွေးအနည်းသာပါနိုင်ပြီးအရောင်မှာ အနီရောင်ရဲရဲထက် အနက်ရောင်ဖက်သို့အရောင်ရှိနိုင် ( Melena) လို့ဆေးဖက်ဆိုင်ရာက ဆိုသည်
အကယ်၍ ဝမ်းထဲသွေးအနီရောင်ရဲရဲသွားပါကဖြစ်နိုင်ခြေမူ များနှုန်းမှာ အူမ ကြီးမှ စအိုအထိ တနေရာရာတွင် သွေးထွက်ခြင်း ပုံမှန်မဟုတ်ခြင်းဖြစ်နိုင်သည်
အူအတွင်းသွေးထွက်ရခြင်းအကြောင်းရင်းများ
လူအများစု သည် ဝမ်းထဲသွေးပါ(Blood in the stool) လာလျှင်ကင်ဆာဟု အများအားဖြင့် ယူဆကြသည်ဒါပေမဲ့ အူလမ်းကြောင်းသွေးထွက်ခြင်းကိုကင်ဆာရောဂါအဖြစ် စဉ်းစားမယ်ဆိုရင်တတိယသာ ဖြစ်သည်။ ဒုတိယအနေနဲ့ဆိုရင်အူမကြီးရောင်ခြင်း သို့မဟုတ် အူမကြီးနံရံရှိတဲ့ အမြှေးပါး သွေးကြောဖောင်းပြီး ပုံမှန်မဟုတ် ခြင်းကြောင့် ဝမ်းထဲသွေးပါနိုင်ခြင်းဖြစ်၍ ဗိုက် အောင့် နာကျင်မူ မရှိနိုင်ပါ ။အူမကြီးကင်ဆာ များသောအားဖြင့်သက် ကြီးရွယ်အိုများတွင်သာ တွေ့ရများသည်နောက်ဆုံးရောဂါတမျိုးအနေ ဖြင့် တွေ့ရခဲ သော အူမကြီး အဆုံးပိုင်းသွေးလှည့်ပတ်မူ (Ischemic colitis ) အူသိမ်ပိုင်းသွေးမရောက်ခြင်းဖြစ်သည်ဒီရောဂါ ဟုတ်မဟုတ် အူလမ်းကြောင်းကိုမှန်ပြောင်း ကြည့် ပြီးစစ်ဆေးရပါမည် ။
ဝမ်းထဲသွေးပါခြင်း(Blood in the stool)ဖြစ်နိုင်ချေရောဂါ တခုမှာလိပ်ခေါင်းရောဂါ ဟု လူအများသိသောရောဂါတခုဖြစ်သည်။ ဝမ်းသွားပြီး နောက် သွေးရဲရဲ ထွက်လာခြင်းဖြစ်သည် ။တချို့တွင် စအိုအပြင်ဖက် အထိ အသားပိုလိုထွက်ကျလာတတ်သည်။လိပ်ခေါင်းရောဂါ အသက် အရွယ် မရွေး ဖြစ်နိုင်သည် ။နောက်တခု ဖြစ်နိုင်ချေ က တော့ စအို အဝ မှာ ဗြဲပြီး အနာ(Anal fissure ) ဖြစ်သည်။ဝမ်းထဲသွေးပါရခြင်း (Blood in the stool) သည် အကြောင်းအရာ အမျိုးမျိုး ကြောင့်ဖြစ်နိုင်သည်။အထူးသဖြင့်လူအများစုကြောက် သော ကင်ဆာရောဂါ ဆိုလျှင် ကုသမူ ကို စောစောထိရောက်စွာ ကုသနိုင်လျှင် နာကျင်မူနည်းပြီး ပျောက်ကင်းဖို့ များပါသည်။
- Readers Rating
- Rated 3 stars
3 / 5 (Reviewers) - Good
- Your Rating