ချက်ချင်းအရေးပေါ် ကုသရမည့် Heart Attack - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

ကျန်းမာရေးဆိုင်ရာ စာစောင်များ

ချက်ချင်းအရေးပေါ် ကုသရမည့် Heart Attack

Share:

နှလုံးသည် ကိုယ်ခန္ဓာ တစ်ခုလုံးတွင် အရေး အကြီးဆုံး ကိုယ်တွင် အင်္ဂါဖြစ်ပြီး ကိုယ်ခန္ဓာ အနှံံ့ ရှိသွေးကြောများသို့ ၂၄နာရီ သွေးညှစ်လွှတ်ပေးနေသော အင်္ဂါဖြစ်ပါသည်။ သင့် အနေနှင် ငယ်ရွယ်စဉ်တွင် နှလုံးကျမ်းမာရေးကောင်မည်ဟု ယူဆထားလိမ့်မည်ဖြစ်သည်။ သို့ရာတွင် အသက်၃၀အရွယ်ခန့် ဘောလုံးသမားတစ်ဦး ဘောလုံးကန်နေစဉ် အတွင်း ရုတ်တရက် နှလုံးရပ်တန့် သေဆုံးသွားသည်ကို သင်ကြားဖူးလိမ့်မည်ထင်ပါသည်။ အပြင်ပန်းတွင် လဍကျမ်းမာသန်စွမ်း၍ နှလုံး ကျန်းမာရေးကောင်းမည်ဟုထင်ရသော်လည်း မမြင်တွေ့နိုင်သော ပုန်းကွယ်နေသည့် နှလုံးသွေးကြောကျဉ်းရောဂါသည် အသက်ကြီးငယ်မရွေးတွင် တွေ့ရှိရနိုင်ပါသည်။ သင်၏နှလုံး အလုပ်ပိုမိုလုပ်ရလေလေ နှလုံးသွေးကြော ဆိုင်ရာ ရောဂါများ ဖြစ်နိုင်လေလေ ဖြစ်ပါသည်။

Heart Attack ၏ လက္ခဏာများ

  1. ရင်ဘက်အောင့်ခြင်း သို့ မအီမသာဖြစ်ခြင်း
  2. ချွေးစီပြန်ခြင်း
  3. ရင်ညွှန့်တစ်ဝိုက် စူး၍အောင့်ခြင်း
  4. ပျို့ခြင်း အန်ခြင်း
  5. ရင်တုန်ခြင်း နှလုံးခုန် မြန်ခြင်း
  6. မောပန်း နွမ်းနယ်ခြင်း
  7. မူးဝေခြင်း ရုတ်တရက် မိုက်ခနဲ ဖြစ်ခြင်း
  8. နှလုံး စည်းချက် မမှန်ခြင်း

Heart Attack ဖြစ်စေသော အကြောင်းအရင်းများ

  1. အသက်အရွယ် ကြီးလာသည်နှင့် အမျှ သွေးကြောများ ယိုယွင်းလာခြင်း
  2. သွေးတိုး၊ ဆီချို၊ သွေးတွင်းအဆီများခြင်း စသည့်အခြားရောဂါ အခံရှိသူများ
  3. ကိုယ်အလေးချိန် များခြင်း အဝလွန်ခြင်း
  4. ဆေးလိပ်သောက်ခြင်း
  5. စိတ်ဖိစီးခြင်း
  6. ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
  7. မိသားစုတွင် နှလုံးရောဂါ ဖြစ်တတ်သည့် မျိုးရိုးရှိခြင်း

Heart Attack ကို ကုသနည်းများ

  1. သွေးကြဲဆေးများ
  2. သွေးကြော ဖြတ်ဆက်ချင်း နှင့် သွေးကြောချဲ့ ဇကာ ထည့်သွင်းခြင်း
  3. နှလုံးသွေးကြော လမ်းလွဲ၍ ဖြတ်ဆက်ခြင်း

အရေးအကြီးဆုံးမှာ Heart Attack ရသောလူနာကို သေဆုံးမှု နည်းပါးစေရန်အတွက် ဖြစ်ဖြစ်ချင်း မိနစ် ၆၀ မှ ၉၀ အတွင်းအရေးပေါ် ဆေးဝါးကုသမှု ကို အမြန်ဆုံးပေးရန်ဖြစ်ပါသည်။ထို့ကြောင့် သင့်တွင် အထက်ပါ လက္ခဏာများတွေ့ရှိရပါက သင်၏ ပါတ်ဝန်းကျင်မှ လူများကို အသိပေးပြီး ချက်ခြင်း အရေးပေါ်ဆေးကုသမှု ခံယူရပါမည်။

  • Readers Rating
  • Rated 3.3 stars
    3.3 / 5 (4 )
  • Your Rating