

“Metastatic Cancer ကင်ဆာဆဲလ်များပြန့်နှံခြင်း” သည် ကင်ဆာသမားတိုင်းသာမက မိမိချစ်ခင်ရသူတိုင်းတွင်လည်း မဖြစ်စေချင်သော ကင်ဆာဆိုင်ရာအခြေအနေတစ်ရပ်ဖြစ်ပါသည်။ လူနာများသည် မျှော်လင့်ချက်မဲ့သလိုခံစားရပြီး ရောဂါအတွက် ကုသဆေးမရှိဟု ယူဆသွားကြသည်က များပါသည်။ သို့သော်၊ CRS နှင့် ပေါင်းစပ်ထားသော HIPEC ဟုခေါ်သည် အဆင့်မြင့်နည်းပညာပုံစံဖြင့် ကုသမှုတစ်ခုကို ယခုအခါတွင် ရွေးချယ်နိုင်ပြီဖြစ်ပါသည်။ ဤကုသမှုနည်းလမ်းသည် peritoneal metastases သို့မဟုတ် ဝမ်းဗိုက်အတွင်းသို့ ပျံ့နှံ့သွားသော ကင်ဆာကို ထိထိရောက်ရောက် ကုသပေးပြီး အသက်ရှင်နိုင်ခြေကို တိုးတက်နိုင်ကြောင်း ရှာဖွေတွေ့ရှိမှုများ ရှိထားပါသည်။
Vejthani ဆေးရုံမှ ကင်ဆာရောဂါ ပညာရှင် ဒေါက်တာ Natchadol Kittiwararat ၏ အဆိုအရ ဝမ်းဗိုက်အတွင်း ပျံ့နှံ့နေသော ကင်ဆာရောဂါအတွက် သမားရိုးကျ ကုသမှုသည် ကင်ဆာဆဲလ်များကိုသတ်ရန် ဆေးဝါးများ ခန္ဓာကိုယ်အနှံ့ ကိုရောက်စေသည့် သွေးကြောမှတစ်ဆင့် ဆေးသွင်းရခြင်းတို့ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ထိုးဆေးများသွင်းခြင်းသည် ဝမ်းဗိုက်အတွင်း ပျံ့နှံ့သွားသော ကင်ဆာအကျိတ်များထံသို့ အကုန်ရောက်ရှိပြီး ကုသမှုအောင်မြင်စေရန်အတွက် ထိရောက်မှု အထူးမရှိတတ်ကြပေ။ ထို့အပြင်၊ ပြားကို ဖယ်ရှားပကင်ဆာဆဲလ်အများအစ်ရန် ယင်းကဲ့သို့ သွေးကြောအတွင်း ပျံ့နှံ့သွားသောဓာတုကုထုံးမှတစ်ဆင့်လုံလောက်စွာ ကင်ဆာဆဲလ်ကိုဖယ်ထုတ်နိုင်ခြင်းမရှိကြပေ။ ထို့ကြောင့် peritoneal metastases များကို ကုသရန်နှင့် ကင်ဆာလူနာများ၏ အသက်ရှင်နိုင်ခြေကို တိုးမြင့်ရန် Cytoreductive Surgery (CRS) နှင့် Hyperthermic Intra Peritoneal Chemotherapy (HIPEC) တို့ဖြင့် ရှာဖွေထားသော ပေါင်းစပ်ကုထုံးတစ်ခုကို ရရှိထားပြီဖြစ်ပါသည်။
HIPEC သည် ဝမ်းဗိုက်အတွင်း သေးငယ်သောကင်ဆာဆဲလ်များကို ဖျက်ဆီးရန် အပူပေး ဓာတုကုထုံး ဆေးဝါးများကို အသုံးပြုရသည့် အဆင့်နှစ်ဆင့် လုပ်ငန်းစဉ် ဖြစ်သည်။ အကျိတ်မျက်နှာပြင်များနှင့် အများဆုံးထိတွေ့မှုသေချာစေရန် ဓာတုကုထုံးကို 42.5 ဒီဂရီစင်တီဂရိတ်အထိ အပူပေးမည်ဖြစ်သည်။ CRS ပြီးပါက HIPEC ကို ဆက်လက်လုပ်ဆောင်ရပါမည်။
Vejthani ဆေးရုံမှ အထွေထွေခွဲစိတ်ဆရာဝန် ဒေါက်တာ Worapong Anuponganan မှ CRS ဆိုသည်မှာ မြင်သာထင်သာရှိသော ကင်ဆာပျံ့နှံ့သွားသည့် အကျိတ်များအားလုံးကို ခွဲစိတ်ဖယ်ရှားပြီး အကျိတ်များကို တတ်နိုင်သမျှ ဖယ်ရှားခြင်းဖြစ်သည်။ 2.5 မီလီမီတာအောက် သေးငယ်သောအကျိတ်များကို အပူပေးထားသော ဓာတုကုထုံးဖြင့် ဆက်လက် ဖျက်ဆီးနိုင်သည်။ CRS အများစုတွင် အကျိတ်များပါ၀င်သော ကိုယ်တွင်းအင်္ဂါများကို ဖယ်ရှားခြင်းနှင့် အတွင်းအင်္ဂါများကိုဖုံးအုပ်ထားသော ဝမ်းဗိုက်အလွှာကို ခွဲထုတ်ခြင်းများ ပါဝင်သောကြောင့် ကုသမှုလုပ်ငန်းချိန်သည် အနည်းဆုံး 6 နာရီကြာမြင့်နိုင်သည့်အခြေအနေကများပါသည်။ ထို့နောက် CRS လုပ်ငန်းစဥ◌်ပြီးသောအခါ နောက်ထပ် မိနစ် 60-90 ထိ HIPEC ကို ဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် အပူပေးဓာတုကုထုံးမှဆေးကို ၀◌မ်းဗိုက်အတွင်း နေရာအနှံ့ကိုရောက်ရှိစေပါသည်။
CRS နှင့် HIPEC ပေါင်းစပ်ခြင်းဖြင့် ကုသနိုင်သော ဝမ်းဗိုက်အတွင်း ပျံ့နှံ့နေသော ကင်ဆာရောဂါများတွင် အူအတက်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ pseudomyxoma peritonei နှင့် peritoneal mesothelioma တို့ပါဝင်သည်။ သို့သော်၊ CRS-HIPEC လုပ်ထုံးလုပ်နည်းသည် ကင်ဆာလူနာများအတွက် စိတ်ချရသော ကုထုံးတစ်ခုဖြစ်သော်လည်း လူနာသည် နားလည်တတ်ကျွမ်းသော ဆရာ၀◌န်နှင့် သေချာစွာတိုင်ပင်ပြီး မိမိရောဂါအခြေအနေနှင့် အက်စပ်သော ကုထုံးမျိုးဖြစ်စေရန်နှင့် မိမိရယူမည့် ကုထုံးအကြောင်းကို သေချာနားလည်စေရန်တိုင်ပင်ဆွေးနွေးခြင်းသည် ပိုမိုကောင်းမွန်ကြောင်း ဆရာ၀◌န်မှ အကြံပြုပေးထားပါသည်.
ပိုမိုသိလိုပါက ကျွန်တော်တို့၏ ကင်ဆာဌာနကိုဆက်သွယ်နိုင်ပါသည်။
Vejthani Hospital. ဖုန်း 02-734-0000 Ext. 2720
မြန်မာစင်တာဖုန်း (+66) 81 98 45111
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating