အူမကြီးကင်ဆာသည် အဆီနှင့်သကြားမှ ကယ်လိုရီများသော အစားအစာများကို စားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်သည်။ BMI မြင့်မားခြင်း သို့မဟုတ် အဝလွန်ခြင်းသည် အူမကြီးကင်ဆာ ဖြစ်ပွားမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အသက် 50 ကျော်သူတွေမှာ ရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။
အောက်ဖော်ပြပါ လက္ခဏာများ ရှိသူများသည် အူမကြီးကို စစ်ဆေးသင့်ပါသည်။
- မကြာခဏ ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့် ပုံမမှန် ဝမ်းပြဿနာများ
- ဗိုက်အောင့်ခြင်းနှင့် အစာမကြေခြင်း၊ ဗိုက်ကယ်ခြင်း တို့သည် တစ်ခါတစ်ရံ ဝမ်းဗိုက်နာခြင်းဖြစ်နိုင်သည်။
- အနီရောင်တောက်တောက် သို့မဟုတ် နက်မှောင်သော အနံ့ဆိုးများ ထွက်လာနိုင်သည့် ဝမ်းသွားရာတွင် သွေးပါခြင်းများ။
- ၀◌မ်းချုပ်ခြင်းများ ကြာလာသောအခါ စအိုအတွင်း အသားပိုများသည် စအိုမှ သွေးများဖြင့်အတူ တစ်ခါတစ်ရံ ထွက်လာတတ်ခြင်း
- တိကျသောအခြေအနေမရှိပဲ ကိုယ်အလေးချိန်ကျခြင်း၊ ဖျော့တော့ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း။
Colonoscopies အူမကြီးကြည့်မှန်ပြောင်းသည် အူမကြီးအတွင်း ပုံမှန်မဟုတ်သောအခြေအနေများကို ရှာဖွေရန်နှင့် အူမကြီးကင်ဆာကို စစ်ဆေးရန် ကူညီပေးသည်။ ကင်ဆာအဖြစ်သို့မရောက်မီ ရောဂါလက္ခဏာကို တွေ့ရှိပါက၊ သက်သာပျောက်ကင်းရန်လူအများစုတွင် ၉၀% ခန့် အခွင့်အလမ်းရှိသည်။
အူမကြီးကင်ဆာဖြစ်နိုင်ချေ မြင့်မားသူများသည် အူမကြီးကင်ဆာကို ၅ နှစ်မှ ၁၀ နှစ်တစ်ကြိမ် ပြုလုပ်သင့်သည်ဟု ကျွမ်းကျင်သူများက ဆိုထားကြသည်။ သို့သော်၊ အချို့သောအန္တရာယ်အချက်များရှိသည့်လူအချို့သည် စောစီးစွာစစ်ဆေးမှုကိုစတင်ရန် လိုအပ်ခြင်း သို့မဟုတ် မကြာခဏစစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။ အူမကြီးကင်ဆာဖြစ်နိုင်သောအခြေအနေများတွင် မိသားစုရာဇဝင်ရှိသူများ၊ အူမကြီးရောင်ရမ်းတတ်ပြီး အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ မကြာခဏဖြစ်တတ်သူများ၊ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေသော မျိုးရိုးဗီဇအခြေအနေများ စသည်တို့ ပါ၀◌င်ပါသည်။
လူနာများတွင် အထက်ဖော်ပြပါ အန္တရာယ်များရှိပါက တတ်ကျွမ်းသော အထူးကုနှင့် ပြသရန် အကြံပြုအပ်ပါသည်။ ဆရာဝန်သည် လူနာ၏ ဆေးမှတ်တမ်းရာဇဝင်မှတစ်ဆင့် လက္ခဏာတစ်ခုစီအပေါ်် အခြေခံပြီး သင့်လျော်သော အူမကြီးကင်ဆာစစ်ဆေးခြင်းအချိန်ကာလတစ်ခုကို ဆုံးဖြတ်ပေးနိုင်မည်ဖြစ်ပါသည်။
ပိုမိုအသေးစိတ်သိလိုပါ
Colorectal Surgery၊ ဝေ့ဌာနီဆေးရုံကြီး ၃ လွှာ
ဌာနဖုန်း 02-734-000 လိုင်းခွဲ 2715၊ 2716
မြန်မာဟော့လိုင်းဗိုင်ဘာ +66 81 9845111
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating