အိပ်နေစဉ်လမ်းလျှောက်ခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းတို့သည် Parkinson's Disease ၏ လက္ခဏာတစ်ချို့ဖြစ်သည် - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

ကျန်းမာရေးဆိုင်ရာ စာစောင်များ

အိပ်နေစဉ်လမ်းလျှောက်ခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းတို့သည် Parkinson’s Disease ၏ လက္ခဏာတစ်ချို့ဖြစ်သည်

Share:

ပါကင်ဆန်ရောဂါ၏ အဖြစ်များသော လက္ခဏာများမှာ ကြွက်သားများ တုန်ခြင်း၊ တောင့်တင်းခြင်းနှင့် ရွေ့လျားနိုင်မှု အားနည်းခြင်း တို့ဖြစ်သည်။ ထို့ပြင် ပါကင်ဆန်ရောဂါသည် ဝမ်းချုပ်ခြင်းနှင့် အိပ်မပျော်ခြင်းတို့ကိုလည်း ဖြစ်စေသည်။ ဤလက္ခဏာများ ပေါ်ပေါက်ပါက မှန်ကန်သော ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းအတွက် ဆေးကုသမှု ချက်ချင်းခံယူရန်လိုအပ်ပါသည်။

Vejthani ဆေးရုံမှ အာရုံကြောပညာရှင် ဒေါက်တာ Natlada Limotai က ပါကင်ဆန်ရောဂါသည် dopamine ဟုခေါ်သော အာရုံကြောမှဓာတ်ထုတ်လုပ်မှုကို လျော့နည်းစေသည့် ဦးနှောက်ယိုယွင်းမှုကြောင့်ဖြစ်ကြောင်း ရှင်းပြထားပါသည်။ Dopamine သည် လှုပ်ရှားမှုများ၊ ဦးနှောက်မှခိုင်းစေသော လုပ်ဆောင်ချက်များကို ထိန်းချုပ်ရန်နှင့် စိတ်ခံစားမှုများကို ထိန်းညှိခြင်းတွင် ပါ၀◌င်လုပ်ဆောင်ပါသည်။

ပါကင်ဆန်ရောဂါတွင် ကြွက်သားများ တုန်ခါခြင်း၊ တောင့်တင်းခြင်း၊ လှုပ်ရှားမှုများနှေးကွေးခြင်း၊ လမ်းလျှောက်ပုံစံမူမမှန်ခြင်း၊ ဟန်ချက်ပျက်ခြင်းနှင့် ချော်လဲခြင်းစသည့် လှုပ်ရှားမှုဆိုင်ရာလက္ခဏာများ ရှိပါသည်။ ၊ ပါကင်ဆန်ရောဂါသည် လှုပ်ရှားမှုဆိုင်ရာ လက္ခဏာအချို့ကိုလည်း ဖြစ်စေနိုင်သော်လည်း တစ်ခါတစ်ရံ ထိုလက္ခဏာများသည် ပါကင်ဆန်ရောဂါကြောင့် ဖြစ်စေတတ်ကြောင်း လူနာများ သိရှိနားလည်နိုင်ခြင်းတွင်လည်း တွေ‌ေ၀သွားနိုင်သည့်အခြေအနေများရှိတတ်သည်။ ထိုအရာများမှာ အိပ်နေစဥ◌် လမ်းလျှောက်ခြင်း (တခါတရံ တစ်ကုတင်ထဲ တူတူအိပ်သောသူများကိုပါ စိတ်အနှောက်အယှက်အလွန်ပေးနိုသည် အထိ ထိခိုက်နိုင်သည်) နှင့် ဝမ်းချုပ်ခြင်း စသည့် ပြဿနာများ ပါဝင်သည်။ ဒီလက္ခဏာတွေကို ပါကင်ဆန်ရောဂါရှိတဲ့ လူနာများ အထူးသဖြင့် အသက်ကြီးသူတွေမှာ တွေ့ရများပါသည်။ ဝမ်းချုပ်ခြင်းသည် အူမကြီးကို ထိခိုက်စေသော autonomic neuropathy ကြောင့်ဖြစ်နိုင်ပြီး အစာအူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေပါသည်။ ယင်းလက္ခဏာများသည် လှုပ်ရှားမှုဆိုင်ရာ ပြဿနာများ မအပေါ်လာမီ ဖြစ်ပေါ်သည့် ရှေ့ပြေးလက္ခဏာများ ဖြစ်ပါသည်။

ပါကင်ဆန်ရောဂါရှိလူနာအချို့သည် အသက်အရွယ်ကြီးရင့်ခြင်းကြောင့်ဖြစ်ရသည့်လက္ခဏာများကို သတိမပြုမိကြပေ။ ပါကင်ဆန်ရောဂါကို မကုသဘဲထားလိုက်ခြင်းသည် လဲကျလွယ်ခြင်းအပါအဝင် လူနာများကို အန္တရာယ်အမျိုးမျိုးဖြစ်စေနိုင်သည်။ ထို့ကြောင့် ရောဂါလက္ခဏာများ ခံစားရပါက သင့်လျော်သော ရောဂါရှာဖွေရေးနှင့် ကုသရေးဆိုင်ရာ ကျွမ်းကျင်သူများထံမှ

သင့်တော်သောကုထုံးရယူရန်အလွန်အရေးကြီးပါသည်။

ကုသမှုလုပ်ငန်းစဉ်တွင် ဦးနှောက်အတွင်းရှိ ဒိုပါမင်းအဆင့်ကို ဖြည့်ဆည်းပေးသည့် ဆေးဝါးများဖြင့် စတင်ကုသပါသည်။ ဆေးဝါးများကို သောက်ဆေးပုံစံ၊ patch ပုံစံနှင့် ထိုးဆေးပုံစံများ အပါအဝင် ပုံစံမျိုးစုံဖြင့် ရရှိနိုင်ပါသည်။ သုတေသနပြုချက်များအရ ပါကင်ဆန်ရောဂါရှိသော လူနာများသည် အချိန်မှှီကုသချက်များနှင့် စပ်လျဥ◌်းပြီး ဆေးဝါးများအပေါ် တုံ့ပြန်မှုနှုန်း 70-100% ရှိပြီး ၎င်းတို့၏နေ့စဉ်ဘဝနေထိုင်မှုပုံစံကို ပြန်လည်ရရှိစေကြောင်း လေ့လာမှုများက ဖော်ပြထားပါသည်။ အကျိုးကျေးဇူးအများဆုံးရရှိစေရန် အစာမရှိချိန်တွင် ဆေးကို သောက်သုံးရန်ဖြစ်သည်။ အစာမစားမီ အနည်းဆုံး နာရီဝက် သို့မဟုတ် တစ်နာရီအကြာတွင် စတင်သောက်သုံးနိုင်ပါသည်။ အစာစားပြီးပြီးချင်း၊ အထူးသဖြင့် အသားနှင့် နို့ကဲ့သို့ ပရိုတင်းဓာတ်များသော အစားအစာများစားသုံးပြီးမှ ဆေးကို သောက်ပါက၊ ခန္ဓာကိုယ်မှ ဆေးဝါးများကို စုပ်ယူနိုင်မှု လျော့နည်းသွားနိုင်သလို တစ်ခါတစ်ရံတွင် ဆေးအာနိသင် မပြတော့သည်များဖြစ်တတ်ပါသည်။ ဆေးဝါးများကို မှန်ကန်သော ပမာဏနှင့် ဆရာဝန်မှ သတ်မှတ်ထားသည့် အကြိမ်ရေအတိုင်း သောက်ရန်လည်း အရေးကြီးပါသည်။ ၎င်းသည် လိုအပ်သည်ထက်စော၍ ဖြစ်ပေါ်လာနိုင်သော ဆေးဝါးများကို ဓာတ်မတည့်ခြင်းများအနေဖြင့် တုံ့ပြန်ခြင်းများဖြစ်ပေါ်ပါကလည်း တားဆီးပေးပါသည်။

ဆေးဝါးများအပေါ် တုံ့ပြန်မှုသည် ကုသမှု၏ ကနဦးအဆင့်နှင့် နှိုင်းယှဉ်ပါက အာနိသင်နည်းပါလာသောအချိန်တွင် ဆရာဝန်သည် ဦးနှောက်စွမ်းရည်ကို ပြန်လည်နှိုးဆွရန် စဉ်းစားနိုင်ပါသည်။ ခွဲစိတ်မှုတွင် ဦးနှောက်၏ သတ်မှတ်ထားသော အစိတ်အပိုင်းများတွင် လျှပ်ကူးပစ္စည်း ထည့်သွင်းခြင်း ပါဝင်ပြီး ပုံမှန်မဟုတ်သော ဦးနှောက်လုပ်ဆောင်ချက်ကို ထိန်းချုပ်ရန်အတွက် လျှပ်စစ်တွန်းအားများကို အသုံးပြုပါသည်။ ၎င်းသည် လူနာများ၏ လှုပ်ရှားနိုင်မှုကို ပိုမိုကောင်းမွန်စေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကူညီပေးသည်။

ပါကင်ဆန်ရောဂါကို ဆေးဝါးများ သို့မဟုတ် ခွဲစိတ်ကုသခြင်းအပြင် အထွေထွေကျန်းမာရေးကို ထိန်းသိမ်းရန်မှာလည်း ထပ်တူအရေးကြီးပါသည်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် အိမ်တွင်း ကိုယ်လက်လှုပ်ရှားမှုများ ပါဝင်သည့် လေ့ကျင့်ခန်းများပိုမိုလုပ်ဆောင်သင့်ကြောင်းကိုလည်း ဆရာ၀◌န်ကြီးမှ အကြံပြုထားပါသည်။ ကယ်လိုရီနှင့် ပရိုတင်းဓာတ် လုံလောက်စွာ စားသုံးခြင်းသည် ကြွက်သားများ သန်မာမှုကို မြှင့်တင်နိုင်သလို အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းဖြင့် ကျန်းမာသော အူလမ်‌ေးကြာင်းလုပ်ငန်းဆောင်တာများကို ကောင်းကောင်းလုပ်စေခြင်းကို အထောက်အကူပြုနိုင်ပါသေးသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating