နှလုံးသွေးကြောဆိုင်ရာရောဂါများ အတွက် Off-Pump Coronary Artery Bypass Graft Surgery ၏ အကျိုးကျေးဇူးများ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

ကျန်းမာရေးဆိုင်ရာ စာစောင်များ

နှလုံးသွေးကြောဆိုင်ရာရောဂါများ အတွက် Off-Pump Coronary Artery Bypass Graft Surgery ၏ အကျိုးကျေးဇူးများ

Share:

Vejthani ဆေးရုံမှ နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ဆရာဝန် ဒေါက်တာ Chawakorn Leampriboon က နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနိုင်သောနည်းလမ်းအမျိုးမျိုးကို ရှင်းပြထားပါသည်။ ကျဉ်းနေသောသွေးလွှတ်ကြောများကို ချဲ့ထွင်ရန်အတွက် ‌ဆေး၀ါးများ‌ပေးကာ ကုသနေရခြင်းမှ balloon angioplasty စသည့် အသေးစားခွဲစိတ်မှုအထိပါ များစွာသော ကုသနည်းများရှိပါသည်။ သိသာထင်ရှားသော ပိတ်ဆို့ခြင်းမျိုးဖြစ်ပြီး ပိုမိုရှုပ်ထွေးသောကိစ္စများတွင် ဆရာဝန်မှ သွေးကြောဆိုင်ရာ သွေးလွှတ်ကြောဖြတ်တောက်ခြင်းခွဲစိတ်မှု (CABG) နည်းဖြင့် ကုသခြင်းက အကောင်းဆုံးဖြစ်ကြောင်း ပြောကြားထားပါသည်။ ယခုနည်းတွင် နှလုံးသို့ကျန်းမာသောသွေးစီးဆင်းမှုကို ထိထိရောက်ရောက်ပြန်လည်ကောင်းမွန်လာစေရန် သွေးကြောအသစ်များဖြင့် ပိတ်ဆို့နေသောသွေးလွှတ်ကြောများတဝိုက်တွင် လမ်းကြောင်းအသစ်ဖန်တီးခြင်း ဖြစ်ပါသည်။

Off-Pump Coronary Artery Bypass Grafting (Off-Pump CABG) ဟုခေါ်သော ခွဲစိတ်မှုနည်းလမ်းသည် နှလုံးရောဂါကို ကုသရန် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ အဆိုပါနည်းပညာသည် ခွဲစိတ်ဆရာဝန်များအား လူနာနှလုံးခုန်နေသည့်အချိန်တွင်သာ တခါတည်း ခွဲစိတ်မှုပြုလုပ်နိုင်စေပြီး ပြင်ပမှအသုံးပြုရသော နှလုံးနှင့်အဆုတ် အလုပ်လုပ်စက်လိုအပ်မှုကို မလိုအပ်တော့ပါ။ ခွဲစိတ်ဆရာဝန်သည် အထူးကိရိယာများကို အသုံးပြု၍ နှလုံးကို တည်ငြိမ်စေပြီး ပိတ်ဆို့နေသော သွေးကြောများကို နှလုံးခုန်နေစဥ်အတွင်း ဖယ်ရှားပြုပြင်ကုသခြင်းဖြစ်ပါသည်။ ထို့ကြောင့် သမားရိုးကျနှလုံးခွဲစိတ်နည်းလမ်းများနှင့် နှိုင်းယှဉ်ပါက၊ Off-Pump CABG သည် အောက်ပါကဲ့သို့သော အကျိုးကျေးဇူးများကို ရရှိစေပါသည်။

  • နှလုံး-အဆုတ်စက်ဖြင့် ခွဲစိပ်ရသော နောက်ဆက်တွဲ ပြဿနာများကို လျှော့ချပေးခြင်း
  • သွေးဆုံးရှုံးမှု နည်းပါးစေခြင်း
  • သွေးသွင်းရန် လိုအပ်မှု လျော့နည်းခြင်း
  • ခွဲစိတ်မှုနှင့် မေ့ဆေး၏ကြာချိန်ကို လျှော့ချပေးခြင်း
  • လူနာပြန်လည်ကောင်းမွန်လာစေရန်နှင့် ဆေးရုံတက်နေရချိန်ကို တိုတောင်းစေခြင်း
  • လူနာများသည် တစ်ချိန်က နှလုံးကျန်းမာစွာဖြင့် နေရသော ကျန်းမာသည့်ဘဝများသို့ ပြန်လည်ရောက်ရှိနိုင်စေခြင်းတို့ကို ဖြစ်စေပါသည်။
  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating