ကျန်းမာရေးဆိုင်ရာ စာစောင်များ

ဖြစ်ခြင်းမှ ပုခုံးပြန်လည်လှုပ်ရှားလာနိုင်ခြင်း

Share:

ပခုံးနာကျင်မှုနှင့် တောင့်တင်းမှုသည် အခြေခံနေ့စဉ်အလုပ်များကိုပင် သိသိသာသာ အဟန့်အတားဖြစ်စေနိုင်သည်။ စင်ပေါ်ရှိ ခွက်ကို လှမ်းယူခြင်း၊ ရှပ်အင်္ကျီကို ရိုးရိုးရှင်းရှင်း ဝတ်ခြင်း စသည်တို့လုပ်ဆောင်ရာတွင်ပင် နာကျင်ကိုက်ခဲမှုဖြစ်စေပြီး လှုပ်ရှားမှုကို ရုတ်တရက် ကန့်သတ်မှု ဖြစ်စေနိုင်သည်။ frozen shoulder သို့ adhesive capsulitis ဟုလည်းသိကြသော ဖြစ်စဥ်သည် ပခုံးအဆစ်များ (glenohumeral joint) တွင် လှုပ်ရှားမှုကို အလွန်ထိခိုက်စေနိုင်သော လက္ခဏာရပ်ဖြစ်သည်။ frozen shoulder ၏အကြောင်းရင်းအတိအကျကို ရှင်းလင်းစွာမသိရသေးသော်လည်း၊ ခံစားရသောအခြေအနေနှင့် ၎င်း၏ကုသမှုရွေးချယ်မှုများကို သိရှိနားလည်ခြင်းက သင့်ပခုံးလုပ်ဆောင်ချက်ကို ပြန်လည်ကောင်းမွန်စေပြီး သင့်နေ့စဉ်ဘဝသို့ သက်တောင့်သက်သာဖြစ်စေရန် ကူညီပေးနိုင်ပါသည်။

Glenohumeral Joint ၏ အရေးပါပုံအကြောင်း

Glenohumeral Joint သည် သင့်လက်မောင်းရိုး (humerus) ကို scapula နှင့် ချိတ်ဆက်ပေးသော socket အဆစ်တစ်ခုဖြစ်သည်။ အဆစ်များကို တည်ငြိမ်စေပြီး ၎င်း၏လှုပ်ရှားမှုကို လွယ်ကူချောမွေ့စေသော အရွတ်များဖြင့် ဖွဲ့စည်းထားသည်။ glenohumeral အဆစ်သည် ကွေးခြင်း၊ ဖြောင့်ခြင်း၊ လက်ဆန့်ထုတ်ခြင်း၊ လက်ကိုအတွင်းအပြင်လှည့်ခြင်းတို့အပါအဝင် သင့်လက်မောင်းကို များစွာသောရွေ့လျားမှုများဖြစ်စေပါသည်။

Frozen Shoulder ၏ လက္ခဏာများ

Freezing stage- ပြင်းထန်သောရောင်ရမ်းမှုကြောင့် လှုပ်ရှားမှုအကန့်အသတ်ဖြစ်ကာ ပခုံးသည် တဖြည်းဖြည်း ရွေ့လျားမှုဆုံးရှုံးသွားပါသည်။ နာကျင်ကိုက်ခဲခြင်းများသည် ညသန်းခေါင် အိပ်နေချိန်မှာလည်း ဖြစ်တတ်ပါတယ်။ ဤအဆင့်သည် ပုံမှန်အားဖြင့် 2 လမှ 9 လအထိ ဆက်ရှိနေပါသည်။

Frozen stage- နာကျင်မှု အနည်းငယ် လျော့ကျသွားသော်လည်း တောင့်တင်းမှု ဆက်ရှိတတ်ပါသည်။ ဤအဆင့်သည် ယခင်အဆင့်ထက် 4 လမှ 12 လခန့်ကြာမြင့်နိုင်ပါသည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အင်္ကျီကိုဝတ်ရန် လက်နှစ်ဖက်ကို မြှောက်တင်ခြင်း သို့မဟုတ် စင်ပေါ်ရှိအရာများကို လှမ်းယူခြင်း သို့မဟုတ် ဆံပင်ဖြီးခြင်းကဲ့သို့ ပုခုံးလှုပ်ရှားမှုများတွင်ပင် ခက်ခဲနိုင်သည်။

Thawing Stage- အခြေအနေ တဖြည်းဖြည်း တိုးတက်လာပါတယ်။ ဤအဆင့်ဖြစ်ရန် 2 နှစ်မှ 3 နှစ်ကြာတတ်သည်။ လူနာများသည် အချို့သော လှုပ်ရှားမှုများ ပြန်လည်ရရှိလာပြီး၊ ပခုံးတွင် တင်းမာမှု နည်းပါးလာကာ ယခင်က မလုပ်နိုင်ခဲ့သော လှုပ်ရှားမှုများကိုလည်း

ပြီးမြောက်နိုင်မည်ဖြစ်သည်။

Frozen Shoulder ၏ဖြစ်စေသောအကြောင်းရင်းများ

ပခုံးအဆစ်ပတ်ပတ်လည်ရှိ capsule ဟုခေါ်သော နေရာအတွင်းတွင် ပုံမှန်မဟုတ်ပဲ ပြောင်းလဲလာကာ တင်းကြပ်သကဲ့သို့ဖြစ်လာပြီး frozen shoulder ဖြစ်စဥ်ဖြစ်လာပါသည်။ ၎င်းသည် အဆစ်၏ရွေ့လျားမှုအကွာအဝေးကို ကန့်သတ်ထားပါသည်။ အကြောင်းရင်းအတိအကျကို မသိရသေးသော်လည်း ပခုံး capsule ရောင်ခြင်း၊ ခွဲစိတ်ပြီးနောက် လှုပ်ရှားမှုမရှိခြင်း သို့မဟုတ် အရိုးကျိုးခြင်းစသည့် ဒဏ်ရာများဖြစ်ပေါ်ခြင်း နှင့် ဆီးချိုရောဂါကဲ့သို့သော ဆေးဘက်ဆိုင်ရာရောဂါအခြေအနေများအပါအဝင် အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပါသည်။

Frozen Shoulder အတွက် အန္တရာယ်သတိပေးအချက်များ

ဖြစ်နိုင်ခြေအချက်များ သည် သင့်အား ကြာရှည်နာကျင်ခြင်းမှ ကာကွယ်ရန် လမ်းညွှန်ပေးနိုင်ပါသည်။

အသက် 40 နှင့် 60 ကြား အမျိုးသမီးများသည် အန္တရာယ်အများဆုံးဖြစ်သည်။

ပခုံးအဆစ်သည် အချိန်အတိုင်းအတာတစ်ခုအထိ လှုပ်ရှားမှုကို ကန့်သတ်ထားတဲ့ အခြေအနေဖြစ်သည့် လက်ကျိုးခြင်း၊ လက်အဆစ်ဒဏ်ရာများရခြင်း

အချိန်အကြာကြီး လေးလံစွာ သယ်မခြင်းစသည်တို့နှင့် ပတ်သက်သော အလုပ်များ ၊

ဆီးချိုရောဂါ၊ သိုင်းရွိုက်အားနည်းရောဂါ၊ သိုင်းရွိုက်များလွန်ကဲခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် ပါကင်ဆန်ရောဂါအပါအဝင် အချို့သောဆေးဘက်ဆိုင်ရာအခြေအနေများသည် frozen shoulder ဖြစ်လာနိုင်လာခြင်းနှင့် ဆက်စပ်နေသည်။

Frozen Shoulder ကို ဘယ်လိုအတည်ပြုဆုံးဖြတ်ကြပါသလဲ

သင့်လှုပ်ရှားမှုအကွာအဝေးကို အကဲဖြတ်ရန် သင့်ပခုံးကို အမျိုးမျိုးသော လှုပ်ရှားမှုများ ရွှေ့စေခြင်းဖြင့် ဆရာဝန်က စမ်းသပ်ပါမည်။ frozen shoulder ရှိသူများသည် လှုပ်ရှားမှုတွင် ကန့်သတ်ချက်များ ရှိလိမ့်မည်။ frozen shoulder ရောဂါရှာဖွေခြင်းအတွက် အဆင့်မြင့်ပုံရိပ်ဖော်ခြင်းသည် ပုံမှန်အားဖြင့် မလိုအပ်သော်လည်း၊ သင်၏နာကျင်မှုဖြစ်စေနိုင်သော အခြားဖြစ်နိုင်ချေရှိသော အကြောင်းရင်းများဖြစ်သည့် အဆစ်အမြစ်ရောင်ခြင်း သို့မဟုတ် rotator cuff tear ကဲ့သို့သော သင့်နာကျင်မှုကို ရှာဖွေရန် ဆရာဝန်မှ X-ray သို့မဟုတ် MRI ကို အကြံပြုနိုင်ပါသည်။

Frozen Shoulder အတွက် ကုသမှုများ

ခွဲစိတ်မှုမဟုတ်သော ကုသမှု

ဆေးဝါးများ- စတီးရွိုက်မဟုတ်သော ရောင်ရမ်းမှု သက်သာစေသော ဆေးဝါးများ (NSAIDs) သည် နာကျင်မှုနှင့် ရောင်ရမ်းမှုကို ထိန်းချုပ်နိုင်ပါသည်။

Steroid ထိုးခြင်း- ဤနည်းလမ်းတွင် သိသိသာသာ နာကျင်မှုကို သက်သာစေရန် ပခုံးအဆစ်ထဲသို့ corticosteroids တိုက်ရိုက်ထိုးသွင်းခြင်း ပါဝင်သည်။

Physical therapy- လူနာတယောက်စီတိုင်းအတွက် ကာယကုထုံးပရိုဂရမ်သည် ရွေ့လျားမှုအကွာအဝေးကို တိုးတက်စေရန် သင့်လျော်သောနည်းလမ်းများကို လေ့ကျင့်ကာ သက်သာစေပါသည်။

ခွဲစိတ်ခြင်းနှင့် အခြားလုပ်ထုံးလုပ်နည်းများ

Joint distension – ဒီနည်းလမ်းကို Hydrodilatation လို့လည်း ခေါ်ပါသည်။ ဆရာဝန်သည် သန့်စင်ထားသော ဆေးရည်ကို အကြောအဆစ်ထဲသို့ ထိုးသွင်းမည်ဖြစ်သည်။ ဤထိုးဆေးသည် capsule ကိုဆွဲဆန့်စေပြီး တောင့်နေသောနေရာများကို ပျက်စီးစေသည်။

မေ့ဆေးအောက်တွင် ကုသခြင်း (MUA)- ဤနည်းလမ်းတွင် လူနာသည် သက်တောင့်သက်သာ အိပ်ပျော်နေချိန်တွင် ၎င်း၏ ရွေ့လျားနိုင်မှု ပြန်သုံးကာ အကြောအဆစ်ကို ရွှေ့ပေးခြင်း ဖြစ်ပါသည်။ ၎င်းသည် အမာရွတ်တစ်သျှူးများနှင့် လှုပ်ရှားမှုကို ကန့်သတ်ထားသည့် တင်းကြပ်နေသော အခြေအနေများကို ချေဖျက်ပေးသည်။ မေ့ဆေးအောက်တွင် လုပ်ဆောင်ခြင်းသည် အဆစ်များ လှုပ်ရှားနိုင်မှုကို သိသိသာသာ တိုးတက်စေပြီး နာကျင်မှုကို သက်သာစေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများတွင် လှုပ်ရှားမှုစွမ်းရည်ကို တိုးစေသည်။

ခွဲစိတ်မှု- frozen shoulder လက္ခဏာများ ပိုဆိုးလာပါက ခွဲစိတ်မှုသည် အထိရောက်ဆုံးလုပ်ဆောင်မှုဖြစ်လာနိုင်သည်။ Arthroscopy သည် ကုသမှုအတွက် အနည်းဆုံး ထိုးဖောက် ခွဲစိတ်ပေးပြီး ကောင်းမွန်သော ခွဲစိတ်မှုနည်းလမ်းတစ်ခုဖြစ်သည်။ ဤလုပ်ထုံးလုပ်နည်းသည် သေးငယ်သော ခွဲစိတ်မှုမှတစ်ဆင့် အဆစ်တွင်းသို့ arthroscope ကို အသုံးပြု၍ အဆစ်ဖွဲ့စည်းပုံများကို တိုက်ရိုက်မြင်နိုင်စေသည်။ ဆရာဝန်သည် ပခုံးအဆစ်၏ တောင့်တင်းနေသော အစိတ်အပိုင်းကို ဖြတ်၍ အမာရွတ်တစ်ရှူးများကို ဖယ်ရှားမည်ဖြစ်သည်။ ဤလုပ်ထုံးလုပ်နည်းသည် လူနာအား ပခုံးအတွင်း ပိုမိုကောင်းမွန်သော လှုပ်ရှားမှုကို ပြန်လည်ရရှိစေရန် ကူညီပေးပါမည်။

Frozen shoulder (adhesive capsulitis) သည် ဆိုးရွားသောအခြေအနေတစ်ခုဖြစ်နိုင်သော်လည်း မှန်ကန်သောရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဖြင့် ပုံမှန်ကဲ့သို့ လှုပ်ရှားမှုကိုပြန်လည်ရရှိစေပါသည်။

ရွေ့လျားမှုနှင့်ပက်သက်ပြီး သင်၏ပုံမှန်ဘဝနေထိုင်မှုပုံစံသို့ ပြန်ရရှိစေမည် ဖြစ်ပါသည်။ သင့်တွင် frozen shoulder ဖြစ်နိုင်သည်ဟု သံသယရှိပါက အကောင်းဆုံးကုသမှုနည်းလမ်းကို ဆွေးနွေးရန် ပုခုံးအဆစ်ခွဲစိတ်မှုဆိုင်ရာ အထူးပြုဆရာဝန်နှင့် တိုင်ပင်ပါ။ frozen shoulder အခြေအနေမှ ပြန်လည်ကောင်းမွန်ရန် အချိန်ကာလတစ်ခုကြာနိုင်ပါသည်။ ကုထုံးလုပ်ငန်းစဉ်တစ်လျှောက်လုံး သင့်ကိုယ်သင် စိတ်ရှည်ပါ။ ဇွဲလုံ့လနှင့် မှန်ကန်သောလမ်းညွှန်မှုဖြင့် သင်သည် frozen shoulder ‌ေ၀ဒနာမှ ကျော်လွှားနိုင်ပြီး သင်၏ပခုံးလုပ်ဆောင်ချက်ကို ပြန်လည်ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating