ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရင်ကယ်ခြင်း၊ လေချဥ်မကြာခဏတက်ခြင်း အနံအသက်မကောင်းခြင်းတို့သည် လက္ခဏာများသည် H.pylori ပိုးကူးစက်ခြင်းကြောင့်ဖြစ်နိုင်ပါသည်

Share:

H. pylori သည် အစာအိမ်အတွင်းနေထိုင်သော ဘက်တီးရီးယားတစ်မျိုးဖြစ်ပြီး မည်သည့်အသက်အရွယ်မျိုးမဆို ဖြစ်ပွားနိုင်ပါသည်။ H. pylori ရောဂါပိုးသည် မကုသပဲထားပါက နောင်တွင် အစာအိမ်ကင်ဆာဖြစ်စေသော အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။ H. pylori ပိုးဝင်ခြင်း၏ လက္ခဏာရပ်များမှာ-

  • အသက်ရှုရာတွင် အနံ့အသက်မကောင်းခြင်း
  • မကြာခဏ လေချဥ်တက်ခြင်း
  • အစာစားချင်စိတ် ပျောက်ဆုံးခြင်းနှင့် ဗိုက်ပြည့်မြန်ခြင်း
  • ဝမ်းလျှောခြင်းနှင့် အစာမကြေခြင်း။
  • Epigastric (ရင်ညွန့်နာကျင်ခြင်း)
  • နာတာရှည် ဗိုက်အောင့်ခြင်း

ဤလက္ခဏာများသည် ပုံမှန်ဟုထင်ရသော်လည်း ၎င်းတို့သည် ပုံမှန်ကြောင့်ဖြစ်ခြင်းမဟုတ်ပါ။ H. pylori ရောဂါပိုးရှိသူသည် ရောဂါပိုးမရှိသူများထက် အစာအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေ ၈ ဆအထိ တိုးမြင့်လာပါသည်။

“H. pylori ရောဂါပိုး” ကိုဘယ်လိုစစ်ဆေးကြမလဲ?Urea Breath Test သည် ယူရီးယားဆေးပြားကိုသောက်ပြီး သင်၏ရှူသွင်းလိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို တိုင်းတာခြင်းဖြင့် ရောဂါပိုးရှိမရှိကို သိရှိနိုင်သည်။ ဤလုပ်ထုံးလုပ်နည်းသည် မိနစ် 20 သာကြာမြင့်ပြီး တိကျသည်၊ ရိုးရှင်းသည်၊ ဘေးကင်းသည်၊ နာကျင်မှုမရှိပေ။

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating