ကျန်းမာရေးဆိုင်ရာ စာစောင်များ

သင့်ကလေးတွင် မကောင်းသောသွေးများရှိနေသောအခါ

Share:

ကလေးသွေးကင်ဆာ childhood leukemia (pediatric leukemia) ဟုလူသိများသော၊ ကလေးများနှင့် ဆယ်ကျော်သက်များတွင် အဖြစ်များဆုံးကင်ဆာအမျိုးအစားသည် သွေးဖြူဥကင်ဆာဖြစ်သည်။ ရိုးတွင်းခြင်ဆီတွင် ပုံမှန်မဟုတ်သော သွေးဖြူဥများ ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် သွေးကြောများမှတဆင့် လျင်မြန်စွာသွားလာပြီး ကျန်းမာသောဆဲလ်များကို တစ်နေရာတည်းတွင် စုစည်းစေသည်။ ထို့နောက် ယင်းသို့ဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း ပိုးဝင်ခြင်းနှင့် အခြားပြဿနာများကို တိုးပွားစေသည်။

ကလေးများသည် ကင်ဆာရောဂါဖြစ်ရန် ခက်ခဲသော်လည်း ကလေးသွေးကင်ဆာဖြစ်သော ကလေးများနှင့် ဆယ်ကျော်သက်အများစုသည် ကုသမှုကို ကောင်းမွန်စွာ တုံ့ပြန်ကြသည်ကို သိထားသင့်ပါသည်။

ကလေးသွေးကင်ဆာအတွက် အန္တရာယ်အချက်များ

  • မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သည်။
  • Li-Fraumeni syndrome၊ Down Syndrome သို့မဟုတ် Klinefelter syndrome ကဲ့သို့သော မျိုးရိုးဆိုင်ရာရောဂါများ
  • ကိုယ်ခံအားစနစ်ကို လျှော့ကျလာခြင်း
  • သွေးကင်ဆာရှိ မောင်နှမများရှိပြီး တူညီသောအမွှာများဖြစ်ပါက ဖြစ်နိုင်ခြေအန္တရာယ်ပိုများသည်။
  • အဝလွန်ခြင်း။
  • နေရောင်နဲ့ ထိတွေ့မှု အရမ်းများခြင်း
  • အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် အရက်အလွန်အကျွံသောက်ခြင်း
  • ဓာတ်ရောင်ခြည်နှင့် ဓာတုပစ္စည်းအချို့ (benzene၊ ပိုးသတ်ဆေး) နှင့် ထိတွေ့ခြင်း၊
  • ဓာတုကုထုံးနှင့်ထိတွေ့ခြင်း။
  • လျှပ်စစ်သံလိုက်စက်ကွင်း ထိတွေ့မှုများခြင်း
  • အဏုမြူဓာတ်အားပေးစက်ရုံအနီးတွင် နေထိုင်သူဖြစ်ခြင်း
  • ကိုယ်တွင်းအင်္ဂါ အစားထိုးကုသခြင်းကဲ့သို့သော ကိုယ်ခံအားစနစ်ကျဆင်းစေသောအခြေအနေများရှိခြင်း

ကလေးဘဝသွေးကင်ဆာအမျိုးအစားများ

ကလေးသွေးကင်ဆာ ဖြစ်ပွားမှုအားလုံးနီးပါးသည် အချိန်တိုအတွင်း လျင်မြန်စွာ ဖွံ့ဖြိုးလာသည်ဟု ဆိုနိုင်ပါသည်။ အနည်းငယ်သော ကလေးငယ်များသာ နာတာရှည်ဖြစ်ပြီး ဖွံ့ဖြိုးမှု နှေးကွေးတတ်ကြသည်။

  • Acute lymphoblastic leukemia (ALL) သို့မဟုတ် acute lymphocytic leukemia ဟုခေါ်သည့် ကလေးသွေးကင်ဆာဖြစ်ပွားမှုသည် ကင်ဆာဖြစ်ပွားမှု လေးခုရှိလျှင် သုံးခုသည် ယင်းကင်ဆာဖြစ်တတ်ကြသည်။
  • Acute myelogenous leukemia (AML) သည် ကလေးဘဝတွင် အဖြစ်များဆုံး သွေးကင်ဆာ အမျိုးအစားဖြစ်သည်။
  • မျိုးရိုး သို့မဟုတ် မျိုးရိုးနှင့်နှီးနှောသော သွေးကင်ဆာ ၎င်းသည် ALL နှင့် AML နှစ်မျိုးလုံး၏အင်္ဂါရပ်များပါရှိသောရှားပါးသွေးကင်ဆာဖြစ်သည်။
  • နာတာရှည် myelogenous leukemia (CML) သည် ကလေးများတွင် ဖြစ်တတ်သော်လည်း အလွန်ရှားပါသည်။
  • နာတာရှည် lymphocytic leukemia (CLL) သည်လည်း ကလေးများတွင် ဖြစ်တတ်သော်လည်း အလွန်ရှားပါသည်။
  • Juvenile myelomonocytic leukemia (JMML)။ ၎င်းသည် နာတာရှည်မဟုတ်၊ ချက်ချင်းဖြစ်သောကင်ဆာမဟုတ်သော်လည်း ရှားပါးကင်ဆာအမျိုးအစားဖြစ်ပြီး အသက်မပြည့်သေးသော ကလေးများတွင် အဖြစ်များပါသည်။ 

ကလေးဘဝသွေးကင်ဆာ၏လက္ခဏာများနှင့်ရောဂါလက္ခဏာများ

  • ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အသားအရေဖြူဖျော့ခြင်း။
  • ပိုးဝင်၍ အဖျားတက်ခြင်း၊
  • မကြာခဏ သွေးထွက်လွယ်ခြင်း သို့မဟုတ် သွေးခြေဥခြင်း
  • အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားနည်းခြင်း။
  • အသက်ရှုကြပ်ခြင်း။
  • ချောင်းဆိုးခြင်း။

အခြားရောဂါလက္ခဏာများအနေဖြင့်

  • အရိုး သို့မဟုတ် အဆစ်များ နာကျင်ခြင်း။
  • ဝမ်းဗိုက်၊ မျက်နှာ၊ လက်မောင်း၊ လည်ပင်း၊ ပေါင်ခြံတို့တွင် ရောင်ရမ်းခြင်း
  • ညှပ်ရိုးအထက် ရောင်ရမ်းခြင်း
  • အစားအသောက်ပျက်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျခြင်း။
  • ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ ဟန်ချက်မညီခြင်း ပြဿနာများ သို့မဟုတ် ပုံမှန်မဟုတ်သော အမြင်အာရုံများဖြစ်ပေါ်နေခြင်း
  • အန်ခြင်း။
  • အရေပြားပေါ်တွင် အကွက်များဖြစ်ခြင်း
  • သွားဖုံးပြဿနာများ

ကလေးဘဝသွေးကင်ဆာရောဂါရှာဖွေခြင်း။

ကလေးဘဝတွင် သွေးကင်ဆာရောဂါကို ရှာဖွေဖော်ထုတ်ရန် ဆရာဝန်သည် သေချာစွာ ဆေးမှတ်တမ်းရာဇဝင်ကို ယူ၍ စစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်သည်။ စစ်ဆေးမှုများကို ကလေးသွေးကင်ဆာရောဂါရှာဖွေဖော်ထုတ်ရန်နှင့် ၎င်း၏အမျိုးအစားကို ခွဲရန် အသုံးပြုသည်။ ကနဦးစစ်ဆေးမှုများအနေဖြင့်

  • သွေးဆဲလ်အရေအတွက်ကို တိုင်းတာရန်နှင့် ၎င်းတို့ ဖြစ်ပေါ်လာပုံကို ကြည့်ရှုရန် သွေးစစ်ဆေးခြင်း
  • သွေးကင်ဆာရောဂါကို အတည်ပြုရန် အများအားဖြင့် တင်ပါးဆုံအရိုးမှ ယူဆောင်ကာ၊ ရိုးတွင်းခြင်ဆီ နှင့်အသားစစစ်ဆေးခြင်း
  • Lumbar puncture/ spinal tap ကို ဦးနှောက်နှင့် အာရုံကြောနေရာများတွင် လုပ်ခြင်းဖြင့် အရည်များတွင် သွေးကင်ဆာဆဲလ်များ ပျံ့နှံ့မှုကို စစ်ဆေးခြင်း

ရောဂါဗေဒပညာရှင်သည် အဏုကြည့်မှန်ပြောင်းအောက်တွင် သွေးစစ်ဆေးမှုများမှ ဆဲလ်များကို စစ်ဆေးသည်။ အထူးကုသည် ရိုးတွင်းခြင်ဆီနမူနာများကို သွေးဖွဲ့စည်းသည့်ဆဲလ်များနှင့် အဆီဆဲလ်အရေအတွက်ကို စစ်ဆေးသည်။ သင့်ကလေးတွင် မည်သည့်သွေးကင်ဆာအမျိုးအစားရှိနိုင်သည်ကို ဆုံးဖြတ်ရန် အကူအညီဖြစ်စေသည့် အခြားစစ်ဆေးမှုများလည်း ပြုလုပ်နိုင်သည်။ ဤစစ်ဆေးမှုများသည် သွေးကင်ဆာ၏ကုသမှုကို တုံ့ပြန်ရန် မည်မျှဖြစ်နိုင်ချေရှိသည်ကို ဆရာဝန်များ သိစေရန်လည်း ကူညီပေးပါသည်။ သင့်ကလေးသည် ကုသမှုကို မည်သို့တုံ့ပြန်သည်ကို သိရှိနိုင်ရန် နောက်ပိုင်းတွင် အချို့သောစစ်ဆေးမှုများကို ထပ်လုပ်ရပါမည်။

ကလေးသွေးကင်ဆာအတွက် ကုသနည်းများ

သင့်ကလေးအတွက် အကောင်းဆုံးရွေးချယ်စရာများအကြောင်း သင့်ကလေး၏ဆရာဝန်နှင့် ကင်ဆာစောင့်ရှောက်မှုအဖွဲ့တို့ဖြင့် ရှင်းလင်းပွင့်လင်းရိုးသားစွာပြောဆိုခြင်းသည် ကုသမှုအတွက် ကလေးသွေးကင်ဆာ အမျိုးအစားအပြင် အခြားကုသနိုင်မည့်အချက်များပေါ်တွင် အဓိကမူတည်ပါသည်။

သတင်းကောင်းမှာ ကလေးသွေးကင်ဆာအမျိုးအစားအများစုအတွက် ကုသမှုခံယူပြီးနောက် အသက်ရှင်နှုန်းသည် အချိန်ကြာလာသည်နှင့်အမျှ တိုးလာပါသည်။ ကလေးများနှင့် ဆယ်ကျော်သက်များအတွက် အထူးစင်တာများတွင် ကုသမှုသည် အထူးပြုစောင့်ရှောက်မှုများကြောင့် ကောင်းမွန်သော ရလာဒ်အကျိုးကျေးဇူးများကို ရရှိစေပါသည်။ ထို့အပြင် ကလေးသွေးကင်ဆာကဲ့သို့ ကလေးကင်ဆာများသည် အရွယ်ရောက်ပြီးသူကင်ဆာများထက် ကုသမှုကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်လေ့ရှိပြီး ကလေးများ၏ ခန္ဓာကိုယ်သည် ကုသမှုကို ပိုကောင်းအောင် ခံနိုင်ရည်ရှိတတ်သည်။

ကလေးသွေးကင်ဆာကုသမှုမစတင်မီ၊ တစ်ခါတစ်ရံတွင် ကလေးသည် ရောဂါနောက်ဆက်တွဲပြဿနာများကို ဖြေရှင်းရန် ကုသမှုလိုအပ်သည်။ ဥပမာအားဖြင့်၊ သွေးဆဲလ်များပြောင်းလဲမှုများသည် ရောဂါပိုးဝင်ခြင်း သို့မဟုတ် ပြင်းထန်သောသွေးထွက်ခြင်းဆီသို့ ဦးတည်စေပြီး ခန္ဓာကိုယ်၏တစ်ရှူးများသို့ရောက်ရှိသော အောက်ဆီဂျင်ပမာဏကို ထိခိုက်စေနိုင်သည်။ ကုသမှုတွင် ပဋိဇီဝဆေးများ၊ သွေးသွင်းခြင်း သို့မဟုတ် ရောဂါပိုးကို တိုက်ဖျက်ရန် အခြားနည်းလမ်းများ ပါဝင်နိုင်သည်။ အောက်ပါ ကုသမှုနည်းလမ်းနှစ်ခုကိုလည်း အသုံးပြုကြသည်။

  • ဓာတုကုထုံးသည် ကလေးသွေးကင်ဆာအတွက် အဓိကကုသမှုဖြစ်သည်။ သင့်ကလေးသည် ကင်ဆာရောဂါကာကွယ်ဆေးများကို သောက်ခြင်းဖြစ်စေ။ သွေးပြန်ကြော သို့မဟုတ် ကျောရိုးအရည်ထဲသို့ဖြစ်စေ ထိုးသွင်းခြင်းဖြစ်သည်။ သွေးကင်ဆာပြန်မဖြစ်စေရန် နှစ်နှစ် သို့မဟုတ် သုံးနှစ်တာကာလအတွင်း ပြန်လည်မဖြစ်ပွားအောင် ကုသရသောကုထုံးများလည်း ဆက်လက် ရှိနေနိုင်ပါသည်။
  • ပစ်မှတ်ထားကုထုံးကိုလည်း တစ်ခါတစ်ရံတွင် သွေးကင်ဆာအတွက် အသုံးပြုသည်။ ဤကုထုံးသည် ပုံမှန် ဓာတုကုထုံးထက် ကွဲပြားစွာ အလုပ်လုပ်သော ကင်ဆာဆဲလ်များ၏ အစိတ်အပိုင်းများကို ပစ်မှတ်ထားသည်။ အချို့သော ကလေးသွေးကင်ဆာ အမျိုးအစားများအတွက် ထိရောက်သော ကုသမှုဖြစ်သည့် ပစ်မှတ်ထား ကုထုံးသည် ဘေးထွက်ဆိုးကျိုးနည်းပါးတတ်ပါသည်။

အခြားသော ကုသမှု အမျိုးအစားများတွင် ကင်ဆာဆဲလ်များကို သတ်ရန်နှင့် အကျိတ်များကို ကျုံ့ရန် စွမ်းအင်မြင့် ဓာတ်ရောင်ခြည်ကို အသုံးပြုသည့် ဓာတ်ရောင်ခြည် ကုထုံးလည်း ပါဝင်နိုင်သည်။ သွေးကင်ဆာကို အခြားသို့ ပျံ့နှံ့မှုမှ ကာကွယ်ရန် သို့မဟုတ် ကုသရာတွင် ကောင်းမွန်စေရန် ၎င်းကို အသုံးပြုနိုင်သည်။ ကလေးသွေးကင်ဆာကို ကုသရန် ခွဲစိတ်မှုနည်းကိုတော့ အသုံးပြုခြင်းမှာ ရှားပါးပါသည်။

အကယ်၍ ပုံမှန်ကုသမှုသည် ထိရောက်မှုနည်းပါးပါက၊ ပင်မဆဲလ်အစားထိုးကုသမှုသည်လည်း နောက်ထပ်အကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်သည်။ ကလေး၏ မကောင်းသောရိုးတွင်းခြင်ဆီ ဖျက်ဆီးရန်အတွက် ဦးစွာ တစ်ကိုယ်လုံးကို ဓာတ်ရောင်ခြည်ဖြင့် ပေါင်းစပ်ကုသခြင်းတွင် သွေးဖွဲ့စည်းမှု ပင်မဆဲလ်များ အစားထိုးခြင်းဖြစ်ပါသည်။ 

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating