ကျန်းမာရေးဆိုင်ရာ စာစောင်များ

Endoscopic Ultrasound- အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများကို အစောပိုင်းစစ်ဆေးခြင်းအတွက် ထိရောက်သောကိရိယာ

Share:

Endoscopic Ultrasound (EUS) ဆိုတာ ဘာလဲ။

Endoscopic Ultrasound ဆိုသည်မှာ အူလမ်းကြောင်းအထူးကုဆရာ၀န်များမှ အစာအိမ်အူလမ်းကြောင်းနှင့် အနီးနားရှိ တစ်သျှူးများဖြစ်သော အစာပြွန်၊ အစာအိမ်၊ အူသိမ်၊ သရက်ရွက် နှင့် အခြားအကျိတ်များကိုပါ အသေးစိတ်ပုံဖော်ကြည့်ရှုနိုင်ရန် မှန်ပြောင်းနှင့် အာထရာဆောင်းကို ပေါင်းစပ်ထားကာ လုပ်ဆောင်ရသော အသေးစားကုထုံးနည်းတစ်ခုဖြစ်ပါသည်။

Endoscopic Ultrasound ကို ဘာကြောင့်လိုအပ်ပါသလဲ? အသုံးပြုရခြင်းရည်ရွယ်ချက်များကတော့ ရောဂါ စစ်ဆေးခြင်း EUS

  • မုန့်ချိုအိတ်ရောဂါကို စစ်ဆေးခြင်း
  • အရည်အိတ်ဖြစ်ခြင်း/အလုံးဖြစ်ခြင်း
  • နာတာရှည်မုန့်ချိုအိတ်ရောင်ခြင်း
  • ဘေလုံး/အသည်း/သည်းခြေ စသည်တို့ကို စစ်ဆေးခြင်း
  • အလုံးအကျိတ်ဖြစ်ခြင်း/ အရည်အိတ်ဖြစ်ခြင်း/ ကင်ဆာဖြစ်ခြင်း/ ကျောက်တည်ခြင်း
  • အစာအိမ်အူလမ်းကြောင်းကင်ဆာအတွက် အဆင့်သတ်မှတ်ခြင်း
  • အစာပြွန်/အစာအိမ်နှင့် စအိုကင်ဆာများ
  • အူသိမ်ပိုင်းအလုံးကင်ဆာများ
  • မုန့်ချိုအိတ်ကင်ဆာ
  • အစာအိမ်လမ်းကြောင်းရှိ ရောဂါစတင်ဖြစ်ပေါ်ရာကိုရှာဖွေခြင်း
  • အကျိတ်များထဲသို့ Fine needle biopsy (FNB) ဖြင့် တစ်သျှူးအသားစယူခြင်း

ကုသခြင်း Endoscopic Ultrasound

  • Endoscopic Ultrasound guided ဖြင့် အရည်များထုတ်ခြင်း
  • Endoscopic Ultrasound guided ဖြင့် အစာအိမ်အူပိတ်ခြင်းကို အစာအိမ်အပေါက်ဖောက်ခြင်း
  • ဗိုက်နာခြင်းကို ကုသခြင်း
  • မုန့်ချိုအိတ်ထဲမှ အရည်များကိုထုတ်ခြင်း
  • အခြားကုသနည်းများအဖြင့်  Endoscopic Ultrasound guided radiofrequency ablation သုံးကာ မုန့်ချိန်အိတ်အလုံးများကို ကုခြင်းတို့ဖြစ်ပါသည်။

EU ၏ဘေးကင်းစိတ်ချရခြင်း

Endoscopic ultrasound (EUS) သည် အလွန်စိတ်ချရပြီး ယခုကုထုံးကို လုပ်ရာတွင်လည်း အထူးလေ့ကျင့်ထားသည့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်များမှ ပြုလုပ်သောကြောင့် ဘေးထွက်အန္တရာယ်အနည်းငယ်များဖြစ်သည့်

  • သွေးထွက်ခြင်း၊ ပေါက်ခြင်း၊ ပန်ကရိယရောင်ခြင်း။
  • မေ့ဆေးနှင့်ပတ်သက်သော အန္တရာယ်များဖြစ်သည့်- aspiration/ဓာတ်မတည့်ခြင်း။

EUS အတွက် ပြင်ဆင်ပုံ

စိတ်ချရသော EUS လုပ်ထုံးလုပ်နည်းအတွက် ပြင်ဆင်ရန် အရေးကြီးသော အဆင့်များ လိုအပ်ပါသည်။ ထို့ကြောင့် သင့်ဆရာဝန်မှပေးသော ညွှန်ကြားချက်များကို သေချာလိုက်နာရန်လိုအပ်ပါသည်။

ကုထုံးမစမှီ ပြင်ဆင်ခြင်း

  • မေ့ဆေးမပေးခင် လူနာခြေအနေကို သေချာစစ်ဆေးအကဲဖြတ်ခြင်း။
  • Anticoagulants နှင့် အခြားဆေးများသောက်သုံးခြင်းရှိမရှိ ပြန်လည်စစ်ဆေးခြင်း။
  • ဓာတ်ခွဲစမ်းသပ်မှုများနှင့် ပုံရိပ်ဖော်ခြင်းများလုပ်ဆောင်ခြင်း
  • ခွင့်ပြုချက်- ဆရာဝန်သည် လုပ်ထုံးလုပ်နည်းအသေးစိတ်များ၊ အခြေအနေများနှင့် အန္တရာယ်များအကြောင်းကို မပြုလုပ်မီတွင်သေချာစွာ ရှင်းပြပေးပါမည်။
  • ကုထုံးမတိုင်မီ အစာစားခြင်းနှင့်ပက်သက်ပြီး
  • စမ်းသပ်မှုမပြုလုပ်မီ ညသန်းခေါင်ကျော်တွင် မည်သည့်အစာကိုမျှ မစားပါနှင့်။
  • စမ်းသပ်မှုမပြုမီ သုံးနာရီအတွင်း မည်သည့်အရည် သို့မဟုတ် ရေကိုမျှ မသောက်ပါနှင့်။
  • ပေးထားသော စိတ်ငြိမ်ဆေးကြောင့်၊ စမ်းသပ်ပြီးနောက် ကားမောင်းခြင်း၊ အလုပ်လုပ်ခြင်း သို့မဟုတ် အရေးကြီးသော ဆုံးဖြတ်ချက်များချခြင်းမှ ရှောင်ကြဉ်သင့်သည်။

ကုထုံးပြီးသွားသောအခါ ဆက်လက်စောင့်ရှောက်ပုံ

  • ကုထုံအပြီး စောင့်ကြည့်ခန်း (recovery room)- လုပ်ထုံးလုပ်နည်းပြီးနောက်၊ ဆေး၏အာနိသင်များ လျော့ပါးသွားပြီး သင်ပိုမိုသတိရှိလာသည်အထိ စောင့်ကြည့်ခန်းတွင် သင့်အား စောင့်ကြည့်မည်ဖြစ်သည်။
  • ပေးထားသော စိတ်ငြိမ်ဆေးကြောင့်၊ စမ်းသပ်ပြီးနောက် ကားမောင်းခြင်း၊ အလုပ်လုပ်ခြင်း သို့မဟုတ် အရေးကြီးသော ဆုံးဖြတ်ချက်များချခြင်းမှ ရှောင်ကြဉ်သင့်သည်။
  • အစားအသောက် အကြံပြုချက်- အစပိုင်းတွင် အရည်များကိုသာ စတင်သောက်သုံးပြီး နောက်ပိုင်းတွင်မှ ပုံမှန်အစားအသောက်ကို ပြန်စားသင့်ပါသည်။
  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating