Tennis Elbow သည် အားကစားသမားများသာမက အလားတူလှုပ်ရှားမှုများတွင်လည်း စတင်ခံစားလာရသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

ကျန်းမာရေးဆိုင်ရာ စာစောင်များ

 Tennis Elbow သည် အားကစားသမားများသာမက အလားတူလှုပ်ရှားမှုများတွင်လည်း စတင်ခံစားလာရသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။

Share:

Tennis Elbow သည် တံတောင်ဆစ်၏ အပြင်ဘက်ခြမ်းရှိ အရိုးများနှင့် လက်ဖျံကြွက်သားများကို တွဲပေးသော အရွတ်ရောင်ခြင်းကြောင့် ဖြစ်ပွားလေ့ရှိသော တံတောင်ဆစ်နာကျင်မှု အမျိုးအစားဖြစ်သည်။ ရောဂါအမည်သည် တင်းနစ်ကစားသမားများကြားတွင် အဖြစ်များလေ့ရှိသောကြောင့် ဆင်းသက်လာခြင်းဖြစ်သည်။ သို့သော်လည်း အခြားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ တွင်လည်း အလားတူ ဝေဒနာမျိုး ကြုံတွေ့နေနိုင်သည်။ နာကျင်မှုသည် နေ့စဉ်ဘ၀တွင် လက်ကို ပုံမှန်ထက်အသုံးပြုမှုအပေါ် သက်ရောက်မှုရှိသည်။

ရောဂါလက္ခဏာများခံစားရပါက မှန်ကန်သောကုသမှုအတွက် ဆရာဝန်ထံပြသရန် အချိန်မဆွဲပါနှင့်။ နာတာရှည်ဖြစ်လာသည်အထိ ကုသမှုမခံယူပါက လက်ချောင်းများနှင့် လက်ကောက်ဝတ်များတွင် အားနည်းသွားနိုင်ပါသည်။ ကုသမှု၏ကနဦးအဆင့်မှာ လက်မောင်းကို အနားပေးပြီး လှုပ်ရှားမှုမှန်သမျှကို ရပ်တန့်ကာ ဆေးဝါးများနှင့် ကာယကုထုံးများ လုပ်ခြင်းဖြင့် ရပ်တန့်ခြင်းဖြစ်သည်။

၎င်းအပြင် Tennis Elbow အား PRP သွေးရည်ကြည်ထိုးဆေး (platelet-rich plasma) ဖြင့် ကုသနိုင်ပါသည်။ ဤနည်းလမ်းသည် ရောင်ရမ်းမှုကို လျော့နည်းစေပြီး ဒဏ်ရာရရှိသော အရွတ်များကို ပြန်ကောင်းမွန်စေပါသည်။ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုရှိသော ပြင်းထန်သော လက္ခဏာများရှိသော လူနာများ သို့မဟုတ် 6-12 လအတွင်း အခြားသော ကုသမှုနည်းလမ်းများမှတဆင့် တိုးတက်မှုမတွေ့ရှိရပါက ခွဲစိတ်မှုအား ရွေးချယ်ရနိုင်ပါသည်။ သေးငယ်သောခွဲစိတ်မှုဖြစ်သည့် endoscopic ခွဲစိတ်မှုတွင် လက်ရှိစစ်ဆေးရရှိမှုပေါ်မူတည်ပြီး သင့်တော်သောခွဲစိတ်မှုကို ဆရာဝန်မှ အကြံပြုမည်ဖြစ်ပါသည်။ ဤနည်းဖြင့် ခွဲစိတ်ပြီးနောက် ပိုမိုမြန်ဆန်သော ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများဖြင့် ‌ေ၀ဒနာကိုသက်သာစေမည်ဖြစ်ပါသည်။ ကုသပြီးနောက် လူနာများသည် ၎င်းတို့၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်ကြနိုင်မည်ဖြစ်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating