ကြက်ညှာချောင်းဆိုး (သို့မဟုတ်) “ရက် 100 ချောင်းဆိုး” ဟုလည်းသိကြသော ကြက်ညှာချောင်းဆိုးရောဂါသည် Bordetella pertussis ဘက်တီးရီးယားကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါဖြစ်သည်။ ၎င်းသည်လူနာကို အသက်ရှူသွင်းလိုက်သည့်အချိန်တိုင်းတွင် “ဟွတ်”ဟုအသံထွက်ကာ ဟောက်သံဖြင့်ဆင်တူပြီး နောက်တွင်အတွဲလိုက်ချောင်းဆိုးခြင်း ကို ဖြစ်ပေါ်စေပါသည်။
ဤရောဂါသည် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ခုခံအားစနစ်အားနည်းနေသူများကို သိသိသာသာထိခိုက်စေပါသည်။ ၎င်း၏အစောပိုင်းအဆင့် (1-2 ပတ်)တွင် ဖြစ်သောရောဂါလက္ခဏာများမှာချောင်းဆိုးခြင်း၊နှာရည်ယိုခြင်းနှင့်အဆင့်နိမ့်ဖျားခြင်းကဲ့သို့သာမန် အအေးမိခြင်းကဲ့သို့ လက္ခဏာများဖြစ်သည်။ ဒုတိယအဆင့် (2-8 ပတ်)တွင် လူနာများသည် ပြင်းထန်သောချောင်းဆိုးခြင်းကိုဖြစ်စေပြီးအသက်ရှူရခက်ခဲခြင်း၊ကြက်ညှာသံများနှင့်ပြင်းထန် ချောင်းဆိုးပြီးနောက်အော့အန်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
ကြက်ညှာချောင်းဆိုးခြင်းကို သင့်လျော်သောပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသနိုင်သည်၊ အထူးသဖြင့် ရောဂါစစဖြစ်သောအခါတွင် ဖြစ်သည်။ ကလေးသူငယ်များကဲ့သို့သော ရောဂါအန္တရာယ်များနိုင်သောလူနာများသည် ဆေးရုံတက်ရန် လိုအပ်နိုင်ပါသည်။
ကာကွယ်ဆေးထိုးခြင်းသည် ကြက်ညှာရောဂါကို ကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်းဖြစ်ပါသည်။
ယေဘူယျအားဖြင့် ကလေးများအားလုံးအသက်2 လတွင် Bordetella pertussis vaccine ပထမဆုံးအကြိမ်ထိုးခြင်းကိုလက်ခံရရှိကြသည်။ သို့သော် ကာကွယ်ဆေးမှ ပေးသော ကိုယ်ခံစွမ်းအားသည် တစ်သက်တာ မဟုတ်ဘဲ၊ အချိန်ကြာလာသည်နှင့်အမျှ ကာကွယ်မှု လျော့နည်းလာပါသည်။ ၎င်းသည် လူလတ်ပိုင်းများနှင့် သက်ကြီးရွယ်အိုများကို ပြန်လည်ကူးစက်နိုင်ချေရှိစေပါသည်။
အရွယ်ရောက်ပြီးသူများသည်ပြင်းထန်သောလက္ခဏာများမပြသော်လည်း ၎င်းတို့သည် မွေးကင်းစကလေးများနှင့် ခုခံအားစနစ်အားနည်းသောသူများထံသို့ ကူးစက်နိုင်ပါသေးသည်။ လုံလောက်သောကိုယ်ခံစွမ်းအားကိုထိန်းသိမ်းထားရန်အတွက်ကာကွယ်ဆေးအများအပြားထိုးရန်
လိုအပ်ပါသည်။ ကြက်ညှာရောဂါကာကွယ်ဆေးများကို ပုံမှန်အားဖြင့် ပေါင်းစပ်ကာကွယ်ဆေး DTaP (ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာ) သို့မဟုတ် ကလေးများနှင့် လူကြီးများအတွက် Tdap (Graphတွင်ပြထားသည့်အတိုင်း) ပေါင်းစပ်ကာကွယ်ဆေးကို ထိုးပေးပါသည်။
ကြက်ညှာရောဂါသည် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော်လည်း လက်ရှိဖြစ်ပွားမှုများသည် ကူးစက်မှုအန္တရာယ်များကို လျှော့ချရန်နှင့် အထူးသဖြင့် အန္တရာယ်ဖြစ်နိုင်ချေများသောအုပ်စုများသို့ ကူးစက်ခြင်းမှကာကွယ်ရန် ပြီးပြည့်စုံသောကာကွယ်ဆေးကိုအချိန်မှီထိုးရန်လိုအပ်ကြောင်း အလေးပေးဖော်ပြလိုက်ရပါသည်။
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating