ERCP- ပန်ကရိယနှင့် သည်းခြေရောဂါများကို ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းအတွက် အဆင့်မြင့် Endoscopic မှန်ပြောင်းကြည့်ကိရိယာများ

ကျန်းမာရေးဆိုင်ရာ စာစောင်များ

ERCP- ပန်ကရိယနှင့် သည်းခြေရောဂါများကို ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းအတွက် အဆင့်မြင့် Endoscopic မှန်ပြောင်းကြည့်ကိရိယာများ

Share:

ပန်ကရိယနှင့် သည်းခြေရောဂါများ-အသား၀ါခြင်း

ERCP မှန်ပြောင်းကြည့်ခြင်းဆိုသည်မှာ-

Endoscopic retrograde cholangiopancreatography သို့မဟုတ် ERCP သည် သည်းခြေပြွန်နှင့် ပန်ကရိယရောဂါအချို့ကို ကုသရန်အတွက်သုံးသော ဆေးပညာသုံးပစ္စည်းတစ်ခုဖြစ်ပါသည်။ ဆရာဝန်များသည် ယင်းအင်္ဂါများအတွင်းပိုင်းကို ကြည့်ရှုနိုင်ပြီး ဆေးပညာသုံးဆေးနှင့် X-rays များပေါင်းစပ်ထားသော ရောဂါဖြစ်စဥ်၏ ပြဿနာများကို သေချာစွာစစ်ဆေးနိုင်သည်။

ဘာကြောင့် ERCP လိုအပ်နိုင်သလဲ။ – ERCP အသုံးပြုရန်လိုအပ်သည့်အခြေအနေများ

ERCP သည် သေချာမသိနိုင်သော ဝမ်းဗိုက်နာခြင်း သို့မဟုတ် အသားဝါခြင်း (အရေပြားနှင့် မျက်လုံးများ အဝါရောင်ဖြစ်နေခြင်း) ၏ အကြောင်းရင်းကို ရှာဖွေရန်နှင့် ကုသရန် အသုံးပြုပါသည်။ သင့်တွင် ပန်ကရိယရောင်ခြင်း သို့မဟုတ် ကင်ဆာနှင့်ဆက်စပြီးဖြစ်သော အသည်း၊ သို့မဟုတ် သည်းခြေပြွန်များကို ထိခိုက်စေသော အခြေအနေများရှိပါကလည်း ယင်းကိရိယာဖြင့်စစ်ဆေးမှုများလုပ်ဆောင်နိုင်ပါသည်။ 

ERCP ဖြင့် ရှာဖွေတွေ့ရှိပြီး ကုသနိုင်သည့် အခြားသော လက္ခဏာများမှာ-

  • Bile duct stones cholangitis ရှိ/မရှိ သည်းခြေကျောက်ဖြင့် သည်းခြေရောင်ခြင်း (သည်းခြေပြွန်ပိုးဝင်ခြင်း)
  • Biliary strictures (သည်းခြေပြွန်ကျဉ်းခြင်း)
  • သည်းခြေ သို့မဟုတ် ပန်ကရိယပြွန်များမှ ယိုစိမ့်ခြင်း။
  • ကင်ဆာအကျိတ်ကြောင့် သည်းခြေပြွန်ပိတ်ခြင်း
  • ပန်ကရိယပြွန်ထဲမှာ ကျောက်များဖြင့်ပြည့်နေခြင်း
  • သည်းခြေကျောက်ကြောင့် ပြင်းထန်သောပန်ကရိယရောင်ခြင်း။
  • အချို့လူနာများတွင်ရုတ်တရက် သည်းခြေရောင်ခြင်း Acute cholecystitis

ERCP သည် အချို့ကျန်းမာရေးပြဿနာများတွင် ခွဲစိတ်မှုကို လုပ်ဆောင်ရန်မလိုပဲ ကူညီပေးနိုင်သည်။

ERCP ရဲ့ ဆိုးကျိုးအန္တရာယ်များအနေဖြင့်

သင့်တွင် ဆေးဝါးများ၊ ဆေးပညာသုံးဆေး သို့မဟုတ် အိုင်အိုဒင်းနှင့် ဓာတ်မတည့်မှုများရှိလျှင် ချက်ချင်းအသိပေးပါ။

ERCP ကြောင့်ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ-

  • Pancreatitis (ပန်ကရိယရောင်ခြင်း) သို့မဟုတ် cholecystitis (သည်းခြေအိတ်ရောင်ခြင်း)
  • ရောဂါပိုး၀င်ခြင်း
  • သွေးထွက်ခြင်း၊ အစာခြေလမ်းကြောင်းအပေါ်ပိုင်းရှိအတွင်းနံရံများထိခိုက်ခြင်း
  • Biloma ( biliary system သည်းခြေအပြင်ဘက်တွင် သည်းခြေရည် စုဆောင်းခြင်း)

ERCP အတွက်မည်သို့ပြင်ဆင်ရမည်နည်း?

သင်၏ ERCP ကို ​​ဘေးကင်းစေရန်ကြိုတင်ပြင်ဆင်ရန်လိုအပ်သည့် အရေးကြီးသော အဆင့်များ ရှိပါသည်။ သင့်ဆရာဝန်မှပေးသော ညွှန်ကြားချက်များကို သေချာလိုက်နာပါ။

ကုထုံးမစမှီကြိုတင်စီစဉ်ခြင်း။

  • မေ့ဆေးဆိုင်ရာ ကြိုတင်အကဲဖြတ်ခြင်း။
  • Anticoagulants နှင့် အခြားဆေးများ ပြန်လည်စစ်ဆေးခြင်း။
  • ဓာတ်ခွဲစမ်းသပ်မှုများနှင့် ပုံရိပ်ဖော်ခြင်းများကြိုတင်လုပ်ခြင်း။
  • သဘောတူညီချက်- ဆရာဝန်သည် လုပ်ထုံးလုပ်နည်းအသေးစိတ်များ၊ ၎င်း၏အကျိုးနှင့် အန္တရာယ်များအကြောင်း ကြိုတင်ရှင်းပြပြီး သဘောတူလက်မှတ်ထိုးခြင်း
  • လုပ်ထုံးလုပ်နည်းမတိုင်မီ စားသောက်မှုအခြေအနေကို တွက်ချက်ခြင်း
  • စမ်းသပ်မှုမပြုလုပ်မီ ညသန်းခေါင်ကျော်တွင် မည်သည့်အစာကိုမျှ မစားရပါ
  • စမ်းသပ်မှုမပြုမီ သုံးနာရီအတွင်း မည်သည့်အရည်ကိုမျှမသောက်ပါနှင့်။

ကုထုံးလုပ်အပြီး စောင့်ရှောက်မှုအနေဖြင့်

  • ပြန်လည်ထူထောင်ရေး- ကုထုံးပြီးနောက်၊ ဆေး၏အာနိသင်များ လျော့ပါးသွားပြီး သတိပြန်လည်ရရှိချိန်ထိ စောင့်ကြည့်အခန်းတွင် သင့်အား စောင့်ကြည့်မည်ဖြစ်သည်။
  • အစားအသောက်အနေဖြင့်- အစပိုင်းတွင် ကြည်လင်သော အရည်များသာစားနိုင်ပြီးနောက်ပိုင်းမှ ပုံမှန်အတိုင်း ပြန်စားနိုင်မည်ဖြစ်ပါသည်။
  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating