ကျန်းမာရေးဆိုင်ရာ စာစောင်များ Archives - Page 11 of 23 - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

ခွဲစိတ်အထူးကုစင်တာ

သိုင်းရွိုက်ရောဂါသောက်ဆေးနှင့်ပက်သက်ပြီး ထွေပြားနေသော အယူအဆတချို့ကို ရှင်းလင်းခြင်း
သင့်တွင် သိုင်းရွိုက်ရောဂါများရှိကြောင်း စစ်ဆေးတွေ့ရှိပါက ကုသမှုတွင် ဆေးဝါးများ၊ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းနှင့် ခွဲစိတ်မှုတို့ ပါဝင်နိုင်သည်။ မည်သည့်ကုသမှုနှင့် ကုသရမည်ဆိုသည်မှာကား လူနာ၏ မူရင်းရောဂါအခံပေါ် မူတည်ပါသည်။

စက်ရုပ်အစားထိုး ဒူးခေါင်းအစားထိုးစင်တာ

“စက်ရုပ်အကူအညီဖြင့်ခွဲစိတ်မှု” သည် ယခုနောက်ပိုင်းတွင် “ဒူးအစားထိုးခွဲစိတ်မှု” အတွက်မရှိမဖြစ်လိုအပ်သောနည်းပညာတစ်ခုဖြစ်လာပြီဖြစ်ပါသည်။
ဒူးအရိုးအဆစ်ရောင်ခြင်းသည် အသက်ကြီးလာသည်နှင့်အမျှ အဖြစ်များသော ပြဿနာတစ်ခုဖြစ်သည်။ သို့သော် ယခုခေတ်တွင် အရိုးအဆစ်ရောင်ခြင်းကို ငယ်ရွယ်သူများတွင် ပိုတွေ့ရတတ်သည်။ ရောဂါကို မကုသဘဲထားပါက နေ့စဉ်ဘ၀တွင် အဟန့်အတားများဖြစ်ပေါ်စေပါသည်။

ကင်ဆာအထူးကုစင်တာ

တိကျသောဆေးဝါး – အရွယ်အစားတစ်ခုတည်းသည် အားလုံးနှင့်မကိုက်ညီပါ။
တိကျသောဆေးပညာသည် ဆေးဘက်ဆိုင်ရာနယ်ပယ်တွင် နည်းပညာတိုးတက်မှုတစ်ခုဖြစ်သည်။ ယင်းနည်းသည် လူနာတိုင်းတွင် ရောဂါကုသရန် ဆေးဝါးတစ်မျိုးကို အသုံးပြုခြင်း၏ သဘောတရားကို ပြောင်းလဲရန် ရည်ရွယ်ပါသည်။ လူနာများ၏ မျိုးရိုးဗီဇ၊ ပရိုတိန်းများနှင့် ၎င်းတို့၏ ခန္ဓာကိုယ်ရှိ အခြားအရာများကို အခြေခံ၍ ဖန်တီးထားသော ကိုယ်ပိုင်ဆေးပညာနည်းသစ်သည် ပုံမှန်ကုသနေသောကုသနည်းများထက် ပိုမိုကောင်းမွန်သော တုံ့ပြန်မှုရှိကြောင်း သုတေသနပြုတွေ့ရှိခဲ့သည်။ တိကျသောဆေးဝါးသည် လူတစ်ဦးချင်းစီ၏ နေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်နှင့် ဇီဝဗေဒကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ရောဂါများကို ကာကွယ်ကုသရန် ဆန်းသစ်သောနည်းလမ်းတစ်ခုဖြစ်သည်။

ကင်ဆာအထူးကုစင်တာ

အူမကြီးကင်ဆာ: စောလျင်စွာ သိရှိခြင်းသည် ကောင်းမွန်သော ကုသမှုရလာဒ်ကို ဖြစ်စေနိုင်သည်
အူမကြီးကင်ဆာသည် ကင်ဆာအမျိုးအစားအားလုံးတွင် စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်သည်။ သို့သော်၊ “အူမကြီးကြည့်မှန်ပြောင်း Colonoscope” ဟုခေါ်သော စမ်းသပ်စစ်ဆေးမှုတစ်ခု ရှိခြင်းကြောင့် ၎င်း၏သေဆုံးမှုနှုန်းသည် နောက်ဆုံးနှစ်များတွင် သိသိသာသာ ကျဆင်းသွားခဲ့သည်။

အရိုးကျန်းမာရေးစင်တာ

“ပုခုံးအဆစ်ရိုးမကြာခဏလွဲခြင်းသည် ကုသလို့ရပါသည်”
ပခုံးဆစ် မကြာခဏလွဲခြင်းသည် အားကစားသမားများ ကစားစဉ် ပြုတ်ကျခြင်း သို့မဟုတ် ခုန်ပေါက်ရသောအားကစားနည်းများတွင် အဖြစ်များပါသည်။ ထိုအခါ လက်မောင်း အပေါ်ပိုင်း အရိုးတည်ရှိရာခွက်ပုံသဏ္ဍာန် အရိုးသည်နေရာချော်ထွက်သွားခြင်းဖြစ်သည်။

ကျောရိုးမဆိုင်ရာ အထူးကုစင်တာ

အသက်ကြီးသူများတွင် အဖြစ်အများဆုံး ကျောရိုး ပြဿနာ Spinal Stenosis
Spinal Stenosis (သို့) ကျောရိုးလမ်းကြောင်း ကျဉ်းမြောင်းခြင်းသည် သက်ကြီးရွယ်အိုများတွင် အဖြစ်များသော ရောဂါဖြစ်သည်။ အဆိုပါရောဂါသည် ကျောရိုးဧရိယာရှိ discs များ၊ အရွတ်များနှင့် အဆစ်များကို ထိခိုက်စေသော ကျောရိုးယိုယွင်းခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။

စက်ရုပ်အစားထိုး ဒူးခေါင်းအစားထိုးစင်တာ

ကွန်ပျူတာအကူအညီဖြင့် အရိုးခွဲစိတ်ကုသခြင်း Computer-Assisted Orthopedic Surgery (CAS)
Computer-Assisted Orthopedic Treatment (CAS) သည် အရိုး‌ေ၀ဒနာခံစားနေရသူများကို ပိုမိုထိရောက်စွာ ပံ့ပိုးပေးနိုင်ရန် Vejthani ဆေးရုံတွင်ရှိသည့် အခြားကောင်းမွန်သော ကုသမှုဖြစ်ပါသည်။ နိုင်ငံတကာ အသိအမှတ်ပြုပြီး ဆေးလောကတွင် အရို

ကင်ဆာအထူးကုစင်တာ

Multidisciplinary Team (MDT)
Multidisciplinary Team (MDT) သည် လူနာတစ်ဦးစီအတွက် အထိရောက်ဆုံးနှင့် အသင့်လျော်ဆုံး ကုသမှုအစီအစဉ်ကို လုပ်ဆောင်ရန် လူနာများ၏ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ပေါင်းစပ်စောင့်ရှောက်မှုအတွက် ဆေးဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ အတူတကွ ပူးပေါင်းလုပ်ဆောင်သည့် ကင်ဆာကုသမှုအမျိုးအစားတစ်ခုဖြစ်သည်။

နှလုံးစင်တာ

နှလုံးခုန်မြန်ခြင်းတို့သည် နှလုံးခုန်မမှန်ခြင်း၏ လက္ခဏာများဖြစ်သည်။ မကုသဘဲထားရင် အသက်ဆုံးရှုံးနိုင်ပါတယ်။
နှလုံးခုန်နှုန်းမမှန်ခြင်းသည် ခန္ဓာကိုယ်အနှံ့ အင်္ဂါအစိတ်အပိုင်းများကို ပုံမှန်လုပ်ဆောင်မှုကိုအနှောက်အယှက်ဖြစ်စေသည့် သွေးစီးဆင်းမှု စွမ်းဆောင်ရည်ကို လျော့နည်းစေသည့် အတိုင်းအတာအထိ နှေးလွန်းခြင်း သို့မဟုတ် မြန်လွန်းသည့် ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းတစ်ခုဖြစ်သည်။ ဤရောဂါသည် နှလုံးပျက်ဆီးခြင်း သို့မဟုတ် လေဖြတ်ခြင်းတို့ကြောင့် သေစေနိုင်သော အန္တရာယ်အခြေအနေထိ ဖြစ်စေနိုင်သည်။
99199