ဆီးချိုရောဂါဆိုင်ရာ ခြေဖ၀◌ါးနှင့် အနာကုသရေးစင်တာ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

ဆီးချိုရောဂါဆိုင်ရာ ခြေဖ၀◌ါးနှင့် အနာကုသရေးစင်တာ

ဆီးချိုဆိုင်ရာ ခြေဖ၀◌ါးအနာ နှင့် အနာကုသရေးဌာန


Vejthani ဆေးရုံ၏ Diabetic Foot & Wound Treatment Center သည် နောက်ဆုံးပေါ် စက်ကိရိယာများကို အသုံးပြု၍ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ အစုံအလင်ဖြင့် ဖြည့်စွမ်းထားပါသည်။ ကျွန်ုပ်တို့၏လူနာအားလုံးအတွက် အကောင်းဆုံးကုသမှုရလာဒ်များရရှိစေရန် အတွေ့အကြုံရှိ ကျွမ်းကျင်သူများနှင့် အထူးကုဆရာဝန်ကြီးများထံမှ စောင့်ရှောက်မှုဖြစ်စေရန် အထူးသတိပြုဂရုစိုက်ပါသည်။ ခြေဖဝါးအနာများ၏ လက္ခဏာများကို သိရှိနားလည်နိုင်ရန် ဆေးပညာဆိုင်ရာ ၀◌န်ထမ်းများကို လေ့ကျင့်သင်ကြားထားပြီး လူနာတစ်ဦးစီ၏ အခြေအနေနှင့် ကိုက်ညီပြီး ထိရောက်သောကုသမှုများ ဖြစ်စေရန် ဆောင်ရွက်ထားပါသည်။ လူနာများ ကိုယ်လက်အင်္ဂါဆုံးရှုံးနိုင်ခြေကို လျှော့ချရန်နှင့် ကျွန်ုပ်တို့လူနာများ၏ အထူးသဖြင့် သွေးကြောဆိုင်ရာရောဂါရှိသော လူနာများ ဘဝအရည်အသွေးကို မြှင့်တင်ရန်ကို အဓိကဦးစားပေးထားပါသည်။ Vejthani ၏လူနာဗဟိုပြုကုသခြင်း၊ နားလည်တတ်ကျွမ်းသော ဝန်ထမ်းများနှင့် ခေတ်မီဆေးပစ္စည်းအသုံးအဆောင်များက လူနာများအား ထိုင်းနိုင်ငံတွင် ခြေဖဝါးအနာကုသမှုနှင့် ပုံမှန်အနာကုသမှုကို ခံယူရန် အကောင်းဆုံးနေရာဖြစ်စေရန်ရည်ရွယ်ပါသည်။

၀◌န်ဆောင်မှုအချိန်

တနင်္လာ, သောကြာ : 08:00 am - 07:00 pm
အင်္ဂါနေ့ - ကြာသပတေး, စနေနေ့ : 08:00 am - 05:00 pm
တနင်္ဂနွေ : 08:00 am - 04:00 pm

တည်နေရာ

တည်နေရာ ဆီးချိုဆိုင်ရာ ခြေထောက်နဲ့ အနာကုသခြင်းစင်တာ ‌ေ၀◌့ဌာနီဆေးရုံကြီး ၃ ထပ်

ကြိုတင်ဘိုကင်တင်ခြင်းနှင့် စုံစမ်းရန်

ဖုန်းခေါ်ဆိုရန်: (+66)2-734-0000 လိုင်းခွဲ 4700, 4702
အင်္ဂလိပ်ဟော့လိုင်းဖုန်း: (+66)81-984-5111

Vejthani ဆေးရုံ၏ Diabetic Foot & Wound Center တွင် ကုသခြင်း၏ အကျိုးကျေးဇူးများ

Vejthani ဆေးရုံ၏ Diabetic Foot & Wound Center တွင် ကုသမှုခံယူရခြင်း၏ အကျိုးကျေးဇူးမှာ ကျွန်ုပ်တို့၏ သွေးကြောခွဲစိတ်ဆရာဝန်များသည် သွေးမရောက်သောနေရာများ ပုပ်သွားသောလူနာများနှင့် ဆီးချိုအနာများရှိသော လူနာများကို ပြုစုစောင့်ရှောက်ရန် အခြားသောကျန်းမာရေးနယ်ပယ်များမှ ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ဌာနဆေးဘက်ဆိုင်ရာ အဖွဲ့တွင်-

ကျွန်ုပ်တို့၏ ဌာနဆေးဘက်ဆိုင်ရာ အဖွဲ့တွင်-

  • ဆီးချိုအနာများ၊ ဖိအားများသောကြောင့်ဖြစ်လာသောအနာများ၊ သွေးမရောက်ပြီး ပုပ်သွားသောအခြေအနေများ၊ မီးလောင်ဒဏ်ရာများ၊ မတော်တဆဒဏ်ရာများ စသည်တို့အတွက် အတွေ့အကြုံရင့် သွေးကြောခွဲစိတ်ဆရာဝန်များနှင့် အထူးကုဆရာဝန်ကြီးများရှိခြင်း
  • သွေးလည်ပတ်မှုကောင်းမွန်စေရန်နှင့် လူနာများ၏ ခြေလက်နှင့် ခြေဖဝါးများကို ပြန်လည်ကောင်းမွန်စေရန် သွေးကြောဆိုင်ရာ ခွဲစိတ်ဆရာဝန်များရှိခြင်း
  • သွေးတွင်းဂလူးကို့စ်ပမာဏကိုထိန်းချုပ်ရန် ဆီးချိုရောဂါအထူးကုများနှင့် ဟော်မုန်းအထူးကုဆရာ၀◌န်များရှိခြင်း
  • ကူးစက်ရောဂါများကို တိုက်ဖျက်ရန် အတွက် ကူးစက်ရောဂါ အထူးကုဆရာဝန်ကြီးများရှိခြင်း
  • ဆီးချိုရောဂါသည် အရိုးများအထိ ပျံ့နှံ့သွားသောအခါတွင် အရိုးအထူးကုဆရာဝန်များက တာဝန်ယူကုသပေးခြင်း
  • ပြန်လည်ကျန်းမာထူထောင်ရေးလုပ်ငန်းစဉ်ကို တာဝန်ယူဆောင်ရွက်ပေးသော အထူးကုဆရာဝန်များသည် လူနာများအား ၎င်းတို့၏ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိရန်နှင့် အနာဒဏ်ရာများပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်ရန် ကူညီပေးသည်။
  • သက်တောင့်သက်သာရှိပြီး မိသားစုကဲ့သို့ ဂရုစိုက်သောပတ်ဝန်းကျင်ကို ဖန်တီးပေးသော လူနာများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ဘက်စုံစောင့်ရှောက်မှုပေးသော ဘက်စုံဆေးဘက်ဆိုင်ရာဝန်ထမ်းများရှိခြင်း

ဝန်ဆောင်မှုများ

  • အထူးသဖြင့် ဆီးချိုခြေဖဝါးအနာများအတွက် ဆီးချိုရောဂါကုသမှ
  • ပိုးဝင်သောဒဏ်ရာကို ကုသခြင်း။
  • Pressure ulcer ကုသခြင်း။
  • Gangrene ကုသမှု
  • အရေပြားအနာကုသခြင်း။
  • ကူးစက်အနာရောဂါကုသမှု
  • Venous stasis ulcer ကုသခြင်း။(သွေးကြောများပိတ်ပြီး အနာဖြစ်ခြင်း)
  • Peripheral artery disease ကုသမှု
  • မတော်တဆဒဏ်ရာကုသမှု
  • မီးလောင်ဒဏ်ရာများ
  • နာတာရှည် အနာများ
  • အထူးသီးသန့်ဖိနပ်များဖြင့် အနာကျက်မှုကို ပိုမိုကောင်းမွန်စေရန် စိတ်ကြိုက်ပြင်ဆင်ခြင်း။

ကျွန်ုပ်တို့၏ဆရာ၀◌န်ကြီးများ


Other Information

ကျန်းမာရေးစစ်ဆေးခြင်း ပက်ကေ့ချ်များ

Show more

လူနာများ၏မှတ်တမ်းများ

Show more

Health Articles

Show more

Health Videos

Show More