Targeted Therapy, an effective option for Cancer Treatment - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.
Vejthani
Hero image

ခန္ဓာကိုယ်ရဲ့မည်သည့်အစိတ်အပိုင်းတွေမှာကင်ဆာဖြစ်နိုင်သလဲ?

Cancer Treatment

 

အမျိုးသားများတွင် အဖြစ်များသော ကင်ဆာရောဂါများ

  • အသည်းကင်ဆာ သည် အသည်းရောင်အသားဝါ ဘီ၊ စီပိုး အပြင် အရက်သောက်ခြင်း အသည်းအဆီဖုံးခြင်းတိုကြောင့် ဖြစ်ပွါးသော အသည်းခြောက်ခြင်း ဖြင့် ဆက်စပ်မှုရှိပါသည်။
  • အဆုပ်ကင်ဆာကို ဖြစ်ပွါးစေသော အချက်များမှာ ဆေးလိပ်သောက်ခြင်း၊ ကင်ဆာဖြစ်စေသော ဓာတုအငွေ့များ ဖြင့် ထိတွေမှုများခြင်း၊ မျိုးရိုးလိုက်ခြင်း၊ ပါတ်ဝန်းကျင်လေထု ညစ်ညမ်းခြင်းတို့ ဖြစ်ပါသည်။
  • အူမကြီးကင်ဆာကို ဖြစ်ပွါးစေသော အချက်များမှာ ကျန်မာရေးနှင်မညီညွတ်သော အစားအစာများ စားသောက်ခြင်း၊ ပါတ်ဝန်းကျင် နှင့် မျိုးရိုးလိုက်ခြင်းတို့ ဖြစ်ပါသည်။
  • ဆီးကျိတ်ကင်ဆာမှာ အမျိုးသားများ ဆီးကျိတ်တဝိုက်တွင် ပုံမှန်မဟုတ်သော သဏ္ဋေပြောင်း ဆဲလ်များစုစည်းလာခြင်းကြောင့်ဖြစ်ပါသည်။

အသေးစိတ်ဖတ်ရှုရန်နှိပ်ပါ Read more details on cancers that are commonly found among men

အမျိုးသမီးများတွင် အဖြစ်များသော ကင်ဆာရောဂါများ

  • ရင်သားကင်ဆာ ဖြစ်ပွါးစေသော အချက်များမှာ မျိုးရိုးလိုက်ခြင်း၊ အဝလွန်ခြင်း၊ အရက်သောက်သုံးခြင်း တို့ဖြစ်ပါသည်။
  • သားအိမ်ခေါင်းကင်ဆာ သည် HPV ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပွါးပြီး ကူစပ်စေသော အပြုအမူများမှာ ငယ်လွန်းသော အရွယ်တွင် လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖက်များပြားခြင်း၊ ဆေးလိပ်သောက်သုံးခြင်း နှင် ကိုယ်ခံအား နည်းပါးခြင်းတို့ ဖြစ်ပါသည်။
  • သားဥအိမ်ကင်ဆာ သည် မျိုးရိုးလိုက်ခြင်း အပြင် ဓာတုပစ္စည်းများ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စသည်တိုနှင် စပ်ဆက်မှုရှိပါသည်။
  • သားအိမ်ကင်ဆာ သည် ဟော်မုန်း မညီမျှခြင်း ကြောင့် ဖြစ်တတ်ပြီး ကိုယ်ဝန် မဆောင်ဘူးသော အမျိုးသမီးများ၊ အဝလွန်သူများ၊ သွေးတိုးနှင့် ဆီးချိုရှိသူများတွင် အဖြစ်များပါသည်။

အသေးစိတ်ဖတ်ရှုရန်နှိပ်ပါ Read more details on cancers that are commonly found among women

ကင်ဆာကုသမှု video များ

 

ကင်ဆာအတွက် နောက်ဆုံးပေါ်ကုထုံးများဖြစ်သော – Targeted Therapy နှင့် Immunotherapy

လူနာ အတွေ့အကြုံ video များ

 

ရင်သားကင်ဆာကို စောစောသိရှိပါက ပျောက်ကင်အောင်ကုသနိုင်သည့် အကြောင်း | Vejthani Hospital

 

 

Ms. Sopha Abdin (ရင်သားကင်ဆာ ဝေဒနာရှင်)


Ms Sopha သည် ရင်သားကင်ဆာ ရှိနေသည်ကို 3D digital mammogram ရင်သားဓာတ်မှန် ဖြင့် ပုံမှန် စစ်ဆေးရာမှ စတင်သိရှိပြီး ဝေ့ဌာနီဆေးရုံ၏ ကင်ဆာအထူးကုပါရဂူ Dr. Thanate Dajsakdipon နှင့် ချက်ခြင်းတိုင်ပင်ပြီးကုသမှုယူရန် ဆုံးဖြတ်ခဲ့ပါသည်။ သူမ၏ ရင်သားအကြိတ်သာ် မူလက 4-5cm ခန့်ရှိရာမှ သမရိုကျ Chemotherapy ကုထုံးနှင့် ကင်ဆာဆဲလ်များကိုသာရွေးချယ်တိုက်ခိုက်သည့် ကုထုံး အသစ်ဖြစ်သော Targeted Therapy ကုထုံး နှစ်မျိုးကိုတွဲဖက် ကုသပြီးနောက် ကင်ဆာအကြိတ်မှာ 2cm အရွယ်ထိ သေးငယ်သွားပြီး အကြိတ်ကို ခွဲစိတ် ဖယ်ရှားမှု ပြုလုပ်နိုင်ခဲ့ပါသည်။ ယနေ့တွင် သူမသည် ကျန်းမာစွာဖြင့် ပိုမိုကောင်းမွန်သော ဘဝ အရည်အသွေးကိုရရှိနေထိုင်နေပြီ ဖြစ်ပါသည်။

Ms. Sopha Abdin မှ “ကင်ဆာကို စောစော စစ်ဆေးပြီး သိနိုင်လေ ကုသမှုလွယ်ကူနိုင်လေ” ဖြစ်ပြီး ကင်ဆာ ကြိုတင် စစ်ဆေးမှု၏ အရေးပါပုံကို ပြောကြားခဲ့ပါသည်။ Ms. Sopha Abdin သည် ရင်သားကင်ဆာရော ဦးနှောက် ကင်ဆာပါ ခံစားနေရသော ဝေဒနာရှင်ဖြစ်ပြီး ကုသမှု မစတင် စဉ်က ကင်ဆာကြောင့် အမြင်အာရုံလည်း ချို့ယွင်း နေရသူဖြစ်ပါသည်။ သို့သော် ဝေ့ဌာနီဆေးရုံ၌ ကုသမှုခံယူပြီးနောက် ယနေ့တွင် သူမ၏အမြင်အာရုံကိုပါ ပြန်လည်ရရှိနိုင်ခဲ့ပါသည်။

အဖွားရဲ့ အဆုတ်ကင်ဆာ ကို ကုသခဲ့မှု – အဖွားရဲ့ မျှော်လင့်ချက်ရောင်ချည်

 

 

“ အဖွားကို ပေးတဲ့ ဆေးတွေနဲ့ အဖွားနဲ့ တည့်တယ် အဖွားရောဂါသက်သာလာတာကို ကျမ သတိထားမိပါတယ်။ အဖွားရဲ့ ညာဘက်အဆုတ်ထဲက ကင်ဆာ အကြိတ်က အရင်က အဆုတ်တစ်ခုလုံးနီးနီး ပြန့်နေရာက တော်တော်လေး အရွယ်သေးသွားပြီး အခုဆို မမောတော့ဘဲ ကောင်းကောင်းအသက်ရှုနေနိုင်ပါပြီ။ အရင် အိပ်ရာထဲကမထ နိုင်တဲ့ အဖွားက အခုဆိုသူ့ဖာသူထပြီး အိမ်မှုကိစ္စတွေတောင်ပြန်လုပ်နေနိုင်ပါပြီ။ ရင်ကြပ်တာ ရင်ဘတ် အောင့်တာလဲ အရင်လိုမဖြစ်တော့ပါဘူး။ ကျမ အဖွား အခုဆို အရင်လိုကျန်းကျန်းမာမာ ပြန်နေနိုင်ခဲ့တဲ့အတွက် ကျမ ဒီဆေးရုံမှာ အဖွားကို လာပြခဲ့တာ မှန်သွားတယ်။” လို့ အဆုန်ကင်ဆာ ဝေဒနာရှင် အဖွား Ms. Thipsukhon Deepuek ရဲ့ မြေးမ က ပြောကြားခဲ့ပါတယ်။

 

လျှာတွင် အနာစိမ်းများကြာရှည် ပေါက်ခြင်းက စောစောကြိုသိလျှင်ကုသနိုင်သော လျှာကင်ဆာ၏ ရောဂါလက္ခဏာဖြစ်နိုင်

 

ကင်ဆာ နှင့် သွေးရောဂါ ဆရာဝန်ကြီးများ

 


Consult a doctor

Please add as many details possible about your medical condition and past
medical history, this will help our physicians giving you a more precise and
accurate evaluation.

In case of emergency, kindly contact us at

English Hotline: (+66)85-223-8888

Chinese Hotline: (+66)84-751-6222

Burmese Hotline: (+66)81-984-5111

Khmer Hotline: (+66)89-201-9000

Vietnamese Hotline: (+66)97-291-3351

Arabic Hotline: (+66)84-875-6622

Russian Hotline: (+66)85-230-5555

Ethiopian Hotline: (+66)90-907-2560

Bangladesh Hotline: (+66)85-485-2333

Call Center: (+66)2-734-0000